တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၃၁ ရက် မနေ့က မနက်ပိုင်းမှာ ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းဆိုသူကို မြိတ်ခရိုင် တပ်ရင်း ၁ နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၇ မဟာမိတ်ပူးပေါင်းအဖွဲ့က သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ခင်မောင်ဝင်းဆိုသူဟာ လူငယ်တွေ စစ်မှုထမ်းဖို့ အတင်းအကြပ် ခိုင်းစေတာတွေ လုပ်ဆောင်နေသလို ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်တာတွေပါ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ကြေညာချက်

တော်လှန်ရေးပူးပေါင်းတပ်တွေက ခင်မောင်ဝင်းဆိုသူရဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ပူးပေါင်းလိုက်နာမှု မရှိတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် ဖိအားပေးတာ၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ခြိမ်းခြောက်တာ၊ နိုင့်ထက်စီးနင်း ပြုလုပ်တာတွေ လုပ်ဆောင်ရင် ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးလို ပစ်ခတ်ရှင်းလင်းခံရမယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးက တရုတ်ကွမ်ရင် ဘုရားကျောင်းကို စစ်ကောင်စီ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်

လာရှိုးက တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ MNDAA က အောက်တိုဘာ ၄ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီအတွက် စစ်မှုထမ်းရသူ အရေအတွက် မြင့်တက်နေ

ပြည်ပမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရစဉ် စစ်မှုထမ်းအဖြစ် မတရားစုဆောင်းခံရသူ ၁၆၀ ကျော်အထိ ရှိခဲ့ကြောင်း Spring Revolution DataBase (SRD) က ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော်နှင့် ပြည်သူ့သားတပ်တော်တို့ ပူးပေါင်းပြုလုပ်သည့် ‌အပတ်စဉ်(၄) အခြေခံ စစ်သင်တန်းဆင်းပွဲ

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) နဲ့ ပြည်သူ့သားတပ်တော်(P.S.F)တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြုလုပ်ခဲ့တဲ့ ‌အခြေခံစစ်သင်တန်း အပတ်စဉ်(၄) ရဲ့ သင်တန်းဆင်းပွဲကို မတ်လ ၁၀ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ ဘုံသဘောတူညီချက် ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
Read More

ဘားအံထောင်တွင် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးကို ထောင်ဝန်ထမ်း ၃၀ နီးပါးက သေဆုံးသည်အထိ ရိုက်နှက်၊ ရောဂါကြောင့် သေဆုံးသည်ဟု လိမ်လည်အကြောင်းပြ

ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်မှာ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာခံရပြီး ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးရဲ့ သေဆုံးမှုကို နှလုံးရောဂါနဲ့ သေဆုံးမှုအဖြစ် ထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ ပေါ်တာဆွဲထားသူများကို မကွေး-ရေနံချောင်း-နတ်မောက် ပြေးဆွဲသည့် ယာဉ်လိုင်းတချို့ စိတ်လိုလက်ရ လိုက်ပါပို့ဆောင်ပေးနေ

မကွေးတိုင်း၊ မကွေး - ရေနံချောင်း- နတ်မောက် လမ်းပိုင်းမှာ စစ်ကောင်စီက ခရီးသွားကားတွေကိုအသုံးပြုပြီး  လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်နေမှုမှာ စိတ်လိုလက်ရ ကူညီပို့ဆောင်ပေးနေတဲ့ ယာဥ်လိုင်းတွေရှိကြောင်း TAMAR MYAY Special Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။