မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။

မတ်လ ၂၉ ရက်က နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အင်အား ၁၀ ယောက်ခန့် စီးနင်းလိုက်ပါလာတဲ့အကြမ်းဖက်စစ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ Jammer ပါဝင်တဲ့အတွက် မိုင်းမကွဲခဲ့ဘဲ  တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်က အကြမ်းဖက်စစ်သား ၂ ယောက်သေပြီး ထိခိုက်မှုတွေလည်းရှိတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို နတ်မောက်ပကဖအဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်း သိမ်းဆည်းထားသည့် စစ်ကောင်စီတပ်စခန်းကုန်းတွင် PDF အလံလွှင့်ထူ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးပျူရွာ၊ ဘိုးနတ်တောင်စခန်းကုန်း၊ တောင်လှဗျူဟာစခန်းကုန်းနဲ့ ဘိုးထွန်းကျော် ဗျူဟာစခန်းကုန်းတွေကို ဇူလိုင် ၄ ရက်၊ ၅ ရက်နဲ့ ၇ ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့ Paragon Hotel မှာ ၃ ရက်ကြာ ပိတ်မိနေတဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

အင်အားပြင်းငလျင်လှုပ်ခတ်မှုကျကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ Paragon Hotel အတွင်း ၃ ရက် ကြာ ပိတ်မိနေတဲ့ အသက် (၁၉)အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို မတ်လ ၃၀ ရက် မနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်ကလေးကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီး အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ထောက်ခံခြင်းဟာ အွန်လိုင်းလိမ်လည်မှုများ၊ ကျားဖြန့်စင်တာများကို ကူညီခြင်းနှင့် အတူတူပဲဟု ဒေါက်တာဝင်းမြတ်အေး ပြောကြား (ရုပ်/သံ)

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွေအကြောင်း သတင်းစကားပါးပြောကြားခဲ့ပါတယ်။
Read More

ကျရာတာဝန် ကျေပွန်နေကြတဲ့ အမျိုးသမီးရဲဘော်လေးများ (ရုပ်/သံ)

ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်လေးတွေရဲ့ တစ်နေ့တာ တာဝန်တွေကို မုံရွာခရိုင်တပ်ရင်း(၄) Monywa The Boys က ထုတ်ပြန်လိုက်ပါတယ်။