စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ အပေါင်းအပါတွေက ဟန်ပြလုပ်ဆောင်ရင်း အကူအညီပေးမယ့် အရပ်ဘက်ပရဟိတအဖွဲ့တွေကိုလည်း အာဏာပြစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ လူသေဆုံးမှု အမြောက်အမြားရှိခဲ့တဲ့ စစ်ကိုင်းမြို့မှာ လက်ရှိအချိန်အထိ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် လုပ်ဆောင်ခြင်းမရှိဘဲ ဟန်ရေးပြမှုတွေသာ များနေတာကြောင့် ကယ်ဆယ်ရေးတွေ ထင်သလောက် အောင်မြင်မှုမရှိဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက PDF တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ကူညီကယ်ဆယ်ရေးလုပ်ဖို့ လာရောက်တဲ့ ပရဟိတအဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးတာ၊ အလှူငွေနဲ့ စားစရာတွေသိမ်းဆည်းတာအပြင် ပြန်လွှတ်တာမျိုးတွေအထိ ရှိနေတယ်လို့ ပြောပါတယ်။

“ခွေးတွေက ဟန်ရေးပြတာလောက်ပဲရှိတာ သူတို့လည်း ဘာမှသေချာမလုပ်ဘူး။ ဒါကို ကူဖို့လာတဲ့ ပရဟိတသမားတွေကို ပြန်လွှတ်တယ်။ အခုက စစ်ကိုင်းမှာ ကူတာမနိုင်တော့လို့ အနံ့တွေပါ ထွက်နေတာ၊ အသက်ရှင်လျက်နဲ့ ကယ်နိုင်တဲ့သူက လက်ချိုးရေလို့ရတယ်။ တချို့နေရာတွေဆို မနေ့ကထိ အော်သံတွေကြားနေရတာတောင် ဘာမှ မလုပ်ဘူး။ ကူညီမယ့်သူတွေကိုလည်း အာဏာပြတာ၊ မကူခိုင်းဘဲ ပြန်လွှတ်နေတာဆိုတော့ ပြည်သူတွေကို ဘေးအန္တရာယ်အသုံးချပြီး အသေခံခိုင်းနေသလိုပါပဲ” လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ငလျင်ဒဏ် ၄ရက်ကျော် ၅ရက်နီးပါးရှိလာချိန်အထိ စစ်ကိုင်းမြို့အတွင်း ထိခိုက်ပြိုကျမှုတွေနဲ့ ပိတ်မိနေသူတွေကို ပြန်လည်ကယ်ဆယ်ရေး လုပ်ဆောင်နိုင်မှု အားနည်းနေတာကြောင့် သေဆုံးသူအရေအတွက်တိုးလာပြီး အနံ့အသက်တွေပင် ထွက်လာကြောင်း၊ စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေတွေက ပြိုကျပျက်စီးရာနေရာတွေမှာ အတားအဆီးတွေချကာ မလိုအပ်တဲ့ စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြကြောင်း၊ မြို့အတွင်းဝင်ရောက်နိုင်ဖို့ လမ်းပိုင်းဆိုးရွားနေတာကြောင့် ရေနဲ့ စားသောက်ကုန် ၊ ဆေးဝါးပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်နေ​ကြောင်း သိရပါတယ်။

မတ်လ ၂၈ ရက်နေ့က အကြမ်းဖက်ခေါင်းအောင်လှိုင် နေပြည်တော်က ငလျင်ဒဏ်သင့် နေရာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန် (ဓာတ်ပုံ Sai Aung Main/ AFP)

 “သိရသလောက်ဆို လူမှုကူညီရေး အဖွဲ့အစည်း တစ်ခုရယ်ဆိုပြီး အမည်တပ်မလာဘဲ ကိုယ်ထူကိုယ်ထအနေနဲ့ တတ်နိုင်သလောက် လူစုပြီး လာကြတဲ့ တောရွာတွေဘက်က ကူညီကယ်ဆယ်ရေး လာတဲ့သူတွေကို ဝင်ခွင့်မပေးဘဲထားတယ်။ အချိန်ခဏစောင့်ခိုင်းတယ်၊ ပေါ်တာဆွဲဖို့လုပ်လို့ ပြန်လာတဲ့သူတွေလည်း ရှိတယ်။” လို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံပျူစောထီးတွေက လူအသေအပျောက်များတဲ့ နေရာတွေကို ဝင်ရောက်ရတဲ့လမ်းပိုင်းတွေမှာ တြိဂံပုံ အတားအဆီးတွေနဲ့ မဝင်ရ ဆိုင်းဘုတ်တွေ ချိတ်ဆွဲချထားရင်း လာသမျှကားနဲ့ အရပ်သားတွေကို တားဆီးစစ်​ဆေးတတ်ကြောင်းလည်း သိရပါတယ်။

” မြို့အဝင်အထွက်တွေမှာ အစစ်အဆေး မရှိတာက မှန်တယ်။ ဒါပေမယ့် မြို့ထဲမှာ ဘာမှ လုပ်ခွင့်မရှိဘူး။ ခွင့်တောင်းလည်း ခွင့်မပြုဘူး။ မင်းတို့က ဘာတွေမို့ ဒါတွေလုပ်‌ချင်နေတာလဲ ဆိုပြီးလည်း ပြန်မေးတယ်။ ငွေကြေးကူမယ်ဆိုရင်လည်း တပ်မ ၃၃ နဲ့ မြို့နယ်အုပ်ချုပ်ရေးကိုသာ အလှူငွေ ပေးခဲ့ဖို့ ပြောတယ်။ ကျန်တာက ရေနဲ့ စားစရာ လှူမယ့်သူလောက်ပဲ ဝင်ခွင့်ပေးတယ်။ ဆေးဝါးကုသရေး၊ ကူညီကယ်ဆယ်ရေး ဆိုပြီး လာတဲ့အဖွဲ့တွေကိုတော့ PDF တွေနဲ့ ဆက်စပ်နိုင်တယ်ပြောရင်း ပြန်လွှတ်တယ်။ တံတားပေါ်ကိုလည်း ကားသေးလောက်ပဲ တစ်စီးစ နှစ်စီးစ ပေးဖြတ်တယ်။ လာဖို့ဆို ရေလမ်းကိုပဲ အားကိုးနေရတုန်း” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ပရဟိတသမား ၁ယောက်ကလည်း မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေအရ စစ်ကိုင်းမြို့အတွင်း လိုအပ်ချက်တွေကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေရဲ့ အွန်လိုင်းပေါ်ကနေ အချင်းချင်း မျှဝေတောင်းဆိုနေမှုတွေကြောင့် အရင်ရက်တွေထက် ပိုမိုအဆင်ပြေလာပေမယ့် အင်တာနက်နဲ့ ဖုန်းလိုင်း အခက်အခဲ၊ လမ်းပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေ​သေးကြောင်း သိရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီဘက်က လုံခြုံရေး အာမခံချက်ပေးရင် CDM ဝန်ထမ်းတွေနဲ့အတူ ငလျင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ကမ်းလှမ်းထားပေမယ့် စစ်ကောင်စီကတော့ လက်မခံဘဲ နိုင်ငံအနှံ့ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

“ငလျင်ဒဏ် ဆိုးဆိုးဝါးဝါး မခံစားရတဲ့ ကျေးလက်က အရပ်သားပြည်သူတွေကလည်း မြို့ပေါ်ကိုတက်ပြီး လုပ်အားနဲ့ ကူညီချင်ကြတယ်။ ​ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့​ဝင်တွေဆိုလည်း အရင်က ဗော်လန်တီယာလုပ်လာသူတွေရှိကြတော့ အခုချိန်မှာ ကယ်ဆယ်ရေးလုပ်ချင်ကြတယ်။ ဒါပေမယ့် အခုအခြေအနေက မြို့ထဲလည်း မဝင်နိုင်ကြဘူး။ နောက်ပြီး ကျေးလက်ကနေ လုပ်အားကူဖို့သွားတဲ့အရပ်သားတွေကိုလည်း အဆောက်အအုံတွေထဲမ ဝင်ရ မကယ်ရဆိုပြီး သူတို့ကတင်းကြပ်တယ်။ နောက်ပြီး သူတို့လည်းမကယ်ဘူး။ ပြောရမယ်ဆို အထဲကသူလည်း ဖြစ်ချင်သလိုဖြစ် ဆိုပြီးထားတာ” လို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးအရှိန်မြင့်လာတဲ့ မြို့ပြပြောက်ကျား ရန်ကုန်လှုပ်ရှားမှုများ

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က အသီးသီးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 
Read More

ရန်ကုန်နဲ့ မန္တလေးမှာ တစ်လအတွင်း လူငယ်လူရွယ် ၇၀၀ ကျော် အဓမ္မဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူတွေထဲ စစ်မှုထမ်းအကျုံးဝင်သူတွေအပြင် မြို့ပြတော်လှန်ရေးသမားတွေလည်းပါဝင်

ဇန်နဝါရီလအတွင်း မန္တလေးနဲ့ ရန်ကုန် မြို့ကြီး ၂ခုမှာ လူငယ်ပေါင်း ၇၀၀ ကျော် ဖမ်းဆီးခံရပြီးစစ်မှုထမ်းပေါ်တာဆွဲမှုအပြင် မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပင်လည်ဘူးဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းကို သိမ်းယူနိုင်ဖို့ လမ်းစလား

၂၀၂၂ခုနှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ရတဲ့ ပင်လည်ဘူးမြို့ကို အခုနှစ်အောက်တိုဘာ ၈ ရက်နေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

ရခိုင်စစ်မျက်နှာက ထွက်ပြေးလာတဲ့ စစ်သား ၁၅၀ ကျော်ကို မကွေးတိုင်းအတွင်း CDF-Asho ဖမ်းမိထား

ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာ နေထိုင်တဲ့အသက်၂၀ အရွယ် သာမာန်လူငယ်လေးတစ်ယောက်ပါပဲ။ စစ်ကောင်စီကိုသဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။