စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။

မတ် ၃၁ ရက် မနေ့က ညပိုင်းမှာ မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းက စစ်သားတွေဟာ အနီးပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ အရှေ့ဘက်မှာရှိတဲ့ ဒိုမြန်မာကျော်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်တွေ ပစ်ခတ်ပြီး ကင်းပုန်းဝပ်နေတယ်လို့ ဆိုပါတယ်။

မြောင်လမ်းခွဲမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က မနေ့က ညပိုင်းမှာပဲ အလ္လကပ္ပကျေးရွာထဲကို ဝင်ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး ကင်းပုန်းဝပ်နေပြီး စစ်ကောင်စီတပ်က မြင်းမူ၊ ချောင်းဦး ၊ မုံရွာ လမ်းမကြီး တလျှောက် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။ 

ဒါအပြင် မတ် ၃၁ ရက် ညပိုင်းမှာ ချောင်းဦးမြို့နယ် အရှေ့မြောက်ခြမ်း တနေရာကို စစ်ကောင်စီရဲ့ မုံရွာ နမခ က တက်လာတဲ့ စက်တပ်လေထီးနဲ့ ၅ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ 

0 Shares:
You May Also Like
Read More

အချုပ်သားများကို လောင်းလုံး ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံး ပအဖ) က အချုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြုလုပ်ပေးနေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

ကပစ ၂၁ ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု စစ်တပ်အရာရှိ ၂ ဦးနှင့် စစ်သား ၇ ဦး သေဆုံး၊ ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ပြီး ထိခိုက်မှုများနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က နောက်ဆက်တွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့တဲ့ အိုမကျေးရွာ ဒေသခံတွေကို ကူညီထောက်ပံ့မှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိုမကျေးရွာက နေအိမ် ၁၉အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက ထောက့်ပံငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။