စစ်ကိုင်းငလျင်ကြောင့် မန္တလေး အိုးဘိုထောင်မှာ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ ကျား/မ အတည်မပြုနိုင်သေးသူ ၁ယောက် စုစုပေါင်း ၄ယောက် သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်လာပါတယ်။ 

ငလျင်ကြောင့် အိုးဘိုထောင်အတွင်းက အမျိုးသားဆောင် အလုပ်ရုံပြိုကျခဲ့ပြီး အမျိုးသား ၁ ယောက် သေဆုံးတာကို အတည်ပြုထားတယ်လို့ သိရပါတယ်။ 

အလုပ်ရုံပြိုကျမှုကြောင့် အမျိုးသား ၁ ယောက်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဆောင်တွေကြားမှာ ကာထားတဲ့ အုတ်ရိုးတွေ ပြိုကျမှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

အမျိုးသမီးအဆောင်ဘက်မှာလည်း အဆောင် (၁) နဲ့ (၂) ပြိုကျပြီး အနည်းဆုံး အမျိုးသမီး (၂) ယောက် သေဆုံးမှုကို အတည်ပြုထားပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၀) ယောက်ခန့် ရှိနေတယ်လို့ သိရပါတယ်။ 

“ကျနော်တို့ အတည်ပြုထားနိုင်တဲ့ အရေအတွက်က အနည်းဆုံး ၄ဦးပါ။ ကျနော်တို့ ဆက်ပြီး အတည်ပြုဖို့ လိုအပ်နေတဲ့ အရေအတွက်က ၈ဦးလောက်ရှိတာဆိုတော့ စုစုပေါင်း ၁၂ဦးလောက် ကျဆုံးနိုင်တဲ့ အခြေအနေရှိနေပါတယ်။ ကျနော်တို့ အတည်ပြုနိုင်တာကိုပဲ ထုတ်ပြန်ထားတာဆိုတော့ အရေအတွက်က နည်းနေတာဖြစ်ပါတယ်။ မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။ 

အခု ထုတ်ပြန်ထားတဲ့ အရေအတွက်ဟာ အကျဉ်းသားဖြစ်ခြင်း ဝန်ထမ်းဖြစ်ခြင်း ဆိုတာမျိုး သီးခြားခွဲကာ ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သေဆုံးစာရင်းထုတ်ပြန်ထားတဲ့အထဲမှာ အကျဉ်းထောင်အတွင်းက သေဆုံးမှုတွေကို ထည့်သွင်းဖော်ပြထား၊ မထား မေးခွန်းထုတ်ဖို့ လိုအပ်သလို အကျဉ်းဦးစီးအနေနဲ့လည်း သတင်းတွေ မချန်လှပ်ဘဲ မိသားစုတွေနဲ့ ပြည်သူတွေကို တရားဝင် အသိပေးအကြောင်းကြားဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ 

လက်ရှိမှာတော့ ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ယောက်ရှိနေပြီး ငလျင်ကြောင့် တိုက်ရိုက် ထိခိုက်ခံစားနေရသူ စုစုပေါင်း (၈,၅၆၂,၅၅၅) ယောက်ခန့်ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ဧပြီလ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုဂံ-ညောင်ဦးလမ်းပေါ် အိမ်စီးကားတစ်စီးမှ ပျူ ၂ ဦးကို ဖမ်းမိ၊ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံး သေဆုံး

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်ချိန် အိမ်စီးကားနဲ့ လာတဲ့ ပျူစောထီး ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအုပ်ချုပ်မှု ၄ နှစ်ခွဲကာလသည် ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားဦးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုစောင့်ကြည့်ခံနေရတဲ့ သရက်ကန်ရွာထဲက အရပ်သား၄၀ ကျော် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေ ပိတ်ဆို့စောင့်ကြည့်နေတဲ့ သရက်ကန်ရွာကနေ အရပ်သား ၄၀ ကျော် တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းရောက်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက် KNDF ဆီ ထွက်ပြေးခိုလှုံ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။