ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မတ်လ ၂၉ ရက်က ပေးပို့ခဲ့တဲ့ အဆိုပါသဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ အရှေ့တီမောနိုင်ငံအနေနဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို နားလည်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ကြံ့ခိုင်နိုင်မှုအပြင် နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေကို ယူပြီး ပြန်လည်တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂနဲ့ အခြားလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်း ငလျင် ဘေးဒဏ်သင့်ဒေသတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်ဖို့ကို အရှေ့တီမော သမ္မတက တိုက်တွန်းထားပါတယ်။

ကျန်ရစ်သူမိသားစုတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ရသူအားလုံးအတွက် ဝမ်းနည်းမိသလို ခိုင်မာတဲ့ သတ္တိတွေနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့လည်း အရှေ့တီမော သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပုံစာ – အရှေ့တီမော သမ္မတနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး

0 Shares:
You May Also Like
Read More

ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး လူကုန်ကူးခံခဲ့ရတဲ့ တရုတ်မော်ဒယ် နေရပ်ပြန်ရောက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ကြေညာ

တရုတ်နိုင်ငံသား မော်ဒယ်ဖြစ်သူ Yang Zheqi ဟာ ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့ကို လူကုန်ကူးခံရပေမယ့် အခုချိန်မှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုရီးယားနေ တော်လှန်ပြည်သူများနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုရီးယားနေ တော်လှန်ပြည်သူတွေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။
Read More

ICJ ကြားနာမှုတွင် အကြမ်းဖက်စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားပြုမည်မဟုတ်ကြောင်း NUG ထုတ်ပြန်

“အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခြင်းသည်ရိုဟင်ဂျာ ပြည်သူများနှင့် မြန်မာပြည်သူအားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာတရားရုံး (ICJ)အား မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် တိုက်တွန်းပါသည်” လို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားခဲ့ပါတယ်။
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

ထိုင်းနိုင်ငံရှိ စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားခေါင်းဆောင်များကို ကူညီ အမှုဖွင့် တိုင်ကြားပေးခဲ့

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ကူညီပြီး အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။