မန္တလေးမြို့ပေါ်ရှိ Sky Villa ကွန်ဒိုနဲ့ ဂရိတ်ဝေါဟိုတယ်တို့က အသက် ၅ နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်အပါ ၄ ယောက်ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ နာရီ ၆၀ ကျော်ကြာ ပိတ်မိနေတဲ့ အသက် ၅ နှစ်အရွယ် ကလေး ၁ ယောက်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက်နဲ့ အသက် ၂၉ နှစ် အမျိုးသမီးတို့ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့နဲ့ မြန်မာကယ်ဆယ်ရေးအဖွဲ့က မတ်လ ၃၁ ရက် ဒီနေ့ မနက်အစောပိုင်းမှာ ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ မြန်မာကယ်ဆယ်ရေးသမားတွေက ညလုံးပေါက် ကယ်ဆယ်ရာကနေ အသက်ရှင်ကျန်ရစ်သူ (၄) ယောက် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်သလို ၂ ယောက်စလုံးကို ဆေးရုံဆီ ပို့ဆောင်ကုသပေးခဲ့တယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။

ဒါ့အပြင် ဂရိတ်ဝေါဟိုတယ်(Great Wall Hotel) မှာ ပိတ်မိနေတဲ့ အမျိုးသမီး ၁ ယောက်ကိုလည်း မတ်လ ၃၀ ရက် မနေ့က ညသန်းခေါင်ကျော်ချိန်မှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့က မြန်မာကယ်ဆယ်ရေးလုပ်ဆောင်သူတွေနဲ့ အတူပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Chinese Embassy in Myanmar)

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ခမ်းက စစ်ကောင်စီရဲ့ အမြောက်တပ် လက်နက်တိုက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုက၊တောင်းခမ်းဒေသ (၃၅၄) စစ်ကောင်စီရဲ့ အမြောက်တပ်ထဲ လက်နက်ကြီး ကျရောက်လို့ စစ်ကောင်စီရဲ့ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့တယ်လို့ TNLA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲ မကျင်းပနိုင်မည့် လွှတ်တော်သုံးရပ် မဲဆန္ဒနယ် ၁၂၁ ခုစာရင်း ကြေညာ

အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါစာရင်းထဲမှာ အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတချို့ ပါဝင်လာခြင်း မရှိပါဘူး။ အဆိုပါထုတ်ပြန်ချက်ကို စစ်တပ်ဟာ သူတို့ရဲ့ လက်အောက်ခံ သတင်းမီဒီယာတွေကတဆင့် မနေ့က စက်တင်ဘာလ ၁၄ ရက်မှာ အတိအလင်း ကြေညာလာတာပဲ ဖြစ်ပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စိုင်ပြင်လေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို ဓားစာခံအဖြစ် နမခ ထဲ ခေါ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ဒဏ်ရာရရဲဘော် ပြည်ပတွင် ဆေးကုသမှုခံယူရာမှ မိခင်ဌာနေသို့ ကျန်းမာစွာ ပြန်လည်ရောက်ရှိ

အညာမြေတပ်ပေါင်းစုက ဒဏ်ရာရရဲဘော် ကိုချင်းဟာ ပြည်ပမှာ ဆေးကုသမှု ခံယူနေရာကနေ ကျန်းမာ ချောမွေ့စွာ မိခင်ဌာနေကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။