မြန်မာနိုင်ငံမှာ ပြည်သူတွေ ငလျင်ကပ်ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲတွေ ခံစားနေရချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၃၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က (၁၂၀)မမ ဗုံးသီးသယ်ဆောင်လာတဲ့ ဒရုန်းနဲ့ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို တစ်ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ထိမှန်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်ကလည်း ပြင်းအား ၇.၇ ရစ်ချက်တာစကေး ရှိတဲ့ ငလျင်လှုပ်ခတ်ချိန် နေ့လယ်ပိုင်းမှာ နောင်လင်ကျေးရွာအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံနေအိမ် (၃)လုံးနဲ့ စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၆ ရက်ကလည်း နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာ၊ သုံးဆယ်ကျေးရွာနဲ့ ရွှေညောင်ပင်ကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ယောက် သေဆုံးခဲ့ပြီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒေသခံနေအိမ်အများအပြားလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ငလျင်လှုပ်ခတ်ပြီး မတ်လ ၃၁ ရက်ကနေ ဧပြီလ ၆ ရက်အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့လည်း လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဆိုင်ခန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ လှိုင်ရတနာဈေး မီးလောင်မှု

ရန်ကုန်မြို့က သက်တမ်းရင့် ဘာဒါစျေးလို့ လူသိများတဲ့ လှိုင်ရတနာစျေးမီးလောင်ကျွမ်းမှုမှာ တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့ ပေါ်တွင်ပစ်ခတ်မှုဖြစ်ပြီး ရဲတစ်ချို့ထိမှန်ဒဏ်ရာရ၊ ပြည်သူတစ်ဦးကို ရဲများဖမ်းဆီးထား

ကချင်ပြည်နယ် ၊ ဖားကန့်မြို့ပေါ် ဥရုရတနာ ကျောက်စိမ်းတောင်တံတားအနီး စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ နယ်မြေခံတွေ ဆီကသိရပါတယ်။
Read More

ဟားခါးမြို့တွင် စစ်တပ်အန္တရာယ်ကြောင့် CDF-Hakha ညမထွက်ရ အမိန့်ထုတ်

ချင်းပြည်နယ် မြို့တော် ဟားခါးမှာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အကြောင်းပြပြီး ညသန်းခေါင်ယံ အချိန်တွေပါမချန် အချိန်မရွေး လူနေအိမ်တွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် Chinland Defense Force – Hakha က ပြည်သူတွေ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်တွင် NUG မှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်၊ မသန်စွမ်းသူများပါ တက်ရောက်ဆွေးနွေးခဲ့

"သင်တန်းကနေ အကျိုးသက်ရောက်မှုတွေ၊အသိပညာတွေအများကြီး ရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို သိရှိနားလည်လာခဲ့တာကြောင့် တခြား ဒေသတွေမှာလည်း ခုလိုပဲ ပြုလုပ်ပေးစေလိုပါတယ်’’ လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတစ်ယောက်က ပြောကြောင်း NUG ဝန်ကြီးဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။