မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်​မြောက်ဖို့အတွက် တိုက်ပွဲဝင်ဖို့ တည်ထောင်ခဲ့တဲ့ Zomi Federal Union – ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

၄ နှစ်တာကာအတွင်း ZFU/PDF ZOLAND အနေနဲ့ ပေးဆပ်မှုပေါင်းများစွာရှိခဲ့ပြီး တပ်ဖွဲ့ဝင်တွေရဲ့ ပြန်မရနိုင်တဲ့အသက်တွေအပြင် ကိုယ်လက်အင်္ဂါ​တွေ​ ဆုံရှုံးခဲ့ရကာ တော်လှန်ရေးမှာ ပေးဆပ်အနစ်နာခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီပေးဆပ်ကြိုးစားမှု​တွေ​ကြောင့်ပဲ ZFU/PDF ZOLANG အနေနဲ့ ထိုက်တန်​တဲ့ အောင်မြင်မှုများစွာ ရရှိခဲ့သလ်ု ဒါဟာ ပြည်သူလူထုအားလုံးရဲ့​ ထောက်ခံတွန်းအားနဲ့ ရဲ​ဘော်​တွေရဲ့ မဆုတ်မနစ် စည်းစည်းလုံးလုံး ကြိုးစားအားထုတ်မှု​တွေ​၊ ဘုရားသခင်ရဲ့ကာကွယ်​စောက်​ရှောက်မှု​တွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာအခြေစိုက် နမခ နှင့် အမတ ၅၀၈ တပ်ရင်းများကို ရော့ကတ်အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၇ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ အမှတ် ၅၀၈ အမြောက်တပ်ရင်းတို့ကို ရော့ကတ် အလုံး ၁၀၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ “ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ”

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။