မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku ထံက သိရပါတယ်။

မတ်လ ၂၈ ရက် မနက်ပိုင်းက ရှင်မကန်ပျူစခန်းကို ရော့ကတ် ၃ လုံး၊ မတ်လ ၂၉ ရက် မနက်ပိုင်းက ညောင်ဂျစ်ပင်နဲ့ အနောက်မကျီးကန်ပျူစခန်းတွေကို ရော့ကတ် ၃ လုံးစီနဲ့ မတ်လ ၃၀ ရက် ညနေပိုင်းမှာ အောင်သာပျူစခန်းကို ရော့ကတ် ၃ လုံး အသီးသီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်မှုအတွင်း မကျီးကန်ပျူစောထီးတွေဟာ အောင်သာရွာဘက်ကို ထွက်ပြေးသွားပြီး ပျူစောထီးတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Rocket ဘုရင် စစ်ဆင်ရေး အမှတ်စဉ်(၁) ဖြစ်တဲ့ အဲဒီတိုက်ခိုက်မှုတွေကို ဧရာဒေါင်းတပ်ဖွဲ့နဲ့ COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီဒေါက်တိုင် စျေးဆိုင်တွေမှာ စျေးမဝယ်ကြဖို့ သတိပေးတဲ့အနေနဲ့ အသံမိုင်း ဖောက်ခွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘိုးဘွားရိပ်သာဝိုင်းအနီးက အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃၁ ရက်မှာ အသံမိုင်းပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ The Phoenix Army အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်း ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေကာ ၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖိလစ်ပိုင်တွင် ဖန်ဝေါင်မုန်တိုင်းကြောင့် လူ ၂ ဦး ထပ်မံသေဆုံး (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်းရာကျော် သေဆုံးစေခဲ့တဲ့ ကာလ်မေဂီမုန်တိုင်းအပြီး ထပ်မံတိုက်ခတ်လာတဲ့ ဖန်ဝေါင်မုန်တိုင်းကြောင့် လူ ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို စစ်ကူလာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းဆီ စစ်ကူပေးဖို့လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်- ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကချင်၊ စစ်ကိုင်းအစပ် ဆယ်ဇင်းဒေသက ဆိုင်ပန်ကုန်းတပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့  ဆိုင်ပန်ကုန်းတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။