တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။

ထိုင်ဝမ်က ငလျင်အရေးပေါ် တုန့်ပြန်ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက် ညပိုင်းကတည်းက လာရောက်ကူညီဖို့ အသင့်ပြင်ထားခဲ့ပေမယ့် ပြည်ဝင်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က ငလျင်ဘေးအတွက် နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်တယ်လို့ ထုတ်ပြောထားပေမယ့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံတယ်ဆိုတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ ဖိအားကိုကြောက်ရွံ့ပြီး ထိုင်ဝမ်ရဲ့ ကူညီမှုကို ခွင့်မပြုခဲ့တာလည်း ဖြစ်ပါတယ်။


ထိုင်ဝမ် အရေးပေါ်ငလျင် ကယ်ဆယ်ရေးအဖွဲ့ဟာ စစ်ကောင်စီကို ဆက်သွယ်ခဲ့ပြီး ၄၈ နာရီကြာ စောင့်ဆိုင်းခဲ့ရပြီးမှ ပြည်ဝင်ခွင့်မရလို့ ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ဟာ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်ဝန်ထမ်းတွေနဲ့  ဆရာဝန်တွေ အပါအဝင် အဖွဲ့ဝင် ၁၂၆ ယောက်၊ ရှာဖွေကယ်ဆယ်ရေး ခွေးတွေ၊ လိုအပ်တဲ့ စက်ကိရိယာတွေနဲ့အတူ လာရောက်ကူညီဖို့ အသင့်စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက တရုတ်ရဲ့ ငြိုငြင်မှုကို ကြောက်လန့်ပြီး ထိုင်ဝမ်ရဲ့ အကူအညီကို ငြင်းဆိုခဲ့ပေမယ့် တရုတ်ကိုယ်တိုင်က ၂၀၀၈ ခုနှစ်တုန်းက စီချွမ်ငလျင် ဖြစ်ပွါးခဲ့စဉ် ထိုင်ဝမ်ရဲ့ ကူညီကယ်ဆယ်ရေးကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် မြန်မာများ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီပံ့ပိုးနိုင်ရေး NUG ဝန်ကြီး ၂ ယောက် Dr.Roy (Burma Advocacy Group-BAG) ကို တွေ့ဆုံခဲ့

အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်စီမံကိန်းများနှင့် အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံရေး အစွမ်းကုန် ကာကွယ်ပေးရန် မင်းအောင်လှိုင်ကို တရုတ်သမ္မတ တိုက်တွန်း… အကြမ်းဖက်မင်းအောင်လှိုင်က လုံခြုံရေးအတွက် အစွမ်းကုန် အာမခံကြောင်း ပြန်လည်ပြောကြား…

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ အဖွဲ့အစည်းတွေက တရုတ် ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှု အစွမ်းကုန် ကာကွယ်ပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အကြမ်းဖက်မင်းအောင်လှိုင်ကို တိုက်တွန်းထားပြီး မင်းအောင်လှိုင်ကလည်း အစွမ်းကုန် အာမခံပေးသွားမယ်လို့ ပြောကြားကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက မေလ ၉ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးနှင့် အမေရိကန်အမတ် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများအကြောင်း ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုနှင့် လက်ဝေခံများ ကျားဖြန့် ရပ်ဝန်းများ ကျယ်ပြန့်အောင် လုပ်ဆောင်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင် တင်ပြ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိုမိုကျယ်ပြန်အောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

မြန်မာ ၁ ယောက် အပါအဝင် တောင်းရမ်းသူ ၁၂ ယောက် ဘန်ကောက်မှာ ဖမ်းဆီးခံရ၊ တစ်ယောက်မှာ ဘတ် ၁၃ သိန်းခန့် ပိုင်ဆိုင်မှုရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။