စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။

ဗီယက်နက် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၆ ယောက်နဲ့ ရှာဖွေကယ်ရေးလုပ်ဆောင်မယ့် ခွေးတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ ရိက္ခာတွေနဲ့အတူ မတ် ၃၀ ရက် နေ့လယ်ပိုင်းမှာ Noi Bai လေဆိပ်ကနေ လေယာဉ်နှစ်စီးနဲ့ ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကယ်ဆယ်ရေးစခန်းတွေဆီ ဆေးဝါးနဲ့ ရိက္ခာပစ္စည်းတွေ အမြန်ပို့ဆောင်ပေးတာ၊ ပျောက်ဆုံးသူတွေကို ရှာဖွေတာ၊ ဆေးဘက်ဆိုင်ရာ အကူအညီပေးတာနဲ့ ငလျင်နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ ကူညီလုပ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုပြီး မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ငလျင်ကြောင့် နေအိမ်အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုများပြားနေသလို ဒီနေ့အချိန်အထိ အဆောက်အဦးတွေမှာ ပိတ်မိနေသူတွေ  များစွာရှိနေသေးတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Vietjet)

0 Shares:
You May Also Like
Read More

ဘင်္ဂလားဒေ့ရှ်ဘက်ပြေးလာလို့ ထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်သားနှင့် နယ်ခြားစောင့်ရဲ ၃၄ ဦးကို မြန်မာဘက် ပြန်လွှဲ

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အာရက္ခတပ်နဲ့တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားနဲ့ နယ်ခြားစောင့်ရဲ ၃၄ ယောက်ကို မေလ ၆ ရက်နေ့က မြန်မာဘက်ပြန်လွှဲပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြပါတယ်။
Read More

မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ပြော

မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။ 
Read More

လေကြောင်းပြပွဲအတွင်း လေ့ကျင့်နေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျ (ရုပ်/သံ)

ပိုလန်နိုင်ငံအလယ်ပိုင်းမှာ ပြုလုပ်မယ့် လေကြောင်းပြပွဲတစ်ခုမှာ အစမ်းလေ့ကျင့်ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ 31st Tactical လေတပ်စခန်းမှာ ပြုလုပ်တဲ့ ဩဂုတ် ၂၈ ရက်နေ့က လေကြောင်းပြပွဲအတွင်း ပိုလန်စစ်တပ်က ဝယ်ယူထား တဲ့ အမေရိကန်နိုင်ငံလုပ် F-16 တိုက်လေယာဉ်ကို လေ့ကျင့်ပျံသန်းရင်း လေယာဉ်ပြေးလမ်းပေါ် ထိုးကျကာ မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
Read More

မြန်မာအပါအဝင် အာရှရွှေ့ပြောင်းများကို တောင်ဆူဒန်နိုင်ငံဆီ ထရမ့်အစိုးရ ပြည်နှင်ဒဏ်ပေး

အမေရိကန်အစိုးရက မြန်မာနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ရွှေ့ပြောင်းတွေကို ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံ တောင်ဆူဒန်ဆီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေက ဖက်ဒရယ်တရားသူကြီးကို အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ ဂျပန်စစ်လေယာဉ် ရောက်ရှိ

ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

မြန်မာက လိမ်လည်လုပ်ငန်းတွေကိစ္စ ထိုင်းကိုအပြစ်တင်လို့မရဘူးလို့ ထိုင်းအစိုးရပြော၊ BGF ကို လျှပ်စစ်ဓာတ်အား ဆက်ရောင်းနေသေးတဲ့အပေါ် ထိုင်းလွှတ်တော်မေးခွန်းထုတ်

မြန်မာပြည်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ပြန့်ပွားနေမှုအတွက် ထိုင်းကိုလည်း တစိတ်တပိုင်းအပြစ်တင်ထားတဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်ကို လက်မခံကြောင်း၊ ဒီကိစ္စက အဖွဲ့ပေါင်းစုံပါဝင်ပတ်သက်နေပြီး ရှုပ်ထွေးကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြပါတယ်။