မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ငလျင်ဒဏ်သင့် ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ပြည်သူ့ကာကွယ် ရေးတပ်မတော် – မန္တလေး၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ လူသားစာနာတာဝန်ခံနဲ့ လူ့အခွင့်ရေးရာတာဝန်ခံတွေက နေအိမ်တွေ နေရာရွှေ့ပြောင်းခြင်း၊ ကူညီကယ်ဆယ်ခြင်းလုပ်ငန်းတွေမှာ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း စစ်‌တောင်းမြစ်ဝှမ်းဒေသ စိုးမိုးနယ်‌မြေရှိ ကျေးရွာတွေမှာလည်း ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ လမ်းတံတားတွေနဲ့ နေအိမ်အဆောက်အအုံတွေ ရှင်းလင်းတဲ့ လုပ်ငန်းတွေမှာ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါင်းဖြူစစ်ကြောင်းတို့ ပါဝင်ကူညီကယ်ဆယ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်းထန်စွာ အရေးယူမယ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် ဖြန့်ဖြူးရောင်းချနေသူတွေကို ပြင်းထန်စွာ အပြစ်ပေး အရေးယူမယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

တောင်သာတွင် စစ်ကူသွားသည့်ကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၂ယောက်သေ၊ အရှင် ၁ဦးနှင့် လက်နက်ခဲယမ်းတစ်ချို့ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ စစ်ကူလာတဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း၁ယောက်၊ ကား၁စီးအပါအဝင် လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေ နည်းပညာအကူအညီလိုအပ်ရင် ကူညီဖို့အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန - MOCIT ကနေ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတွေ နည်းပညာအကူအညီ လိုအပ်ရင် ကူညီပေးဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြို့သိမ်းဖို့ထက် မြို့ထိန်းဖို့ခက်လို့ တပ်သားသစ်တွေ ခေါ်ယူနေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ပြော

မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံနဲ့ ဝမ်းတွင်းမြို့နယ်၊ ရေစကြိုမြို့နယ်တွေမှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ စိုင်းပြင်းနေပါတယ်။ 
Read More

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ ကျဆုံး

ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ - Karenni Mobile Health Committee (KnMHC) ရဲ့ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ယောက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၉၄၂၀ တပ်ရင်းရဲ့ ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် ၉၄၂၀ တပ်ရင်းရဲ့ တပ်ရင်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။