မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ ပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ အဘွားနဲ့ မြေးဖြစ်သူ ၂ယောက် ရုန်းထွက်ပြီး အသက်ရှင်ခဲ့ကြတယ်လို့ သိရပါတယ်။

အသက် (၇၅) နှစ်အရွယ် နှလုံးရောဂါရှိတဲ့ အမျိုးသမီးကြီး၊ အသက် (၁၆) နှစ်နဲ့ အသက် (၁၃) အရွယ် အမျိုးသမီးငယ်တို့ လွတ်‌မြောက်လာပုံကို အဆိုပါ အမျိုးသမီးငယ်လေးတွေရဲ့ ဖခင်ကလူမှုကွန်ရက်မှာ ရေးသားမျှဝေခဲ့ရာ လူအများကို စိတ်ခွန်အားရစေပြီး လူကြိုက်များတဲ့ အကြောင်းအရာဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ Sky Villa ကွန်ဒိုတောင်ဘက်ခြမ်းကယ်ဆယ်မှုကို ရပ်နားလိုက်ပြီး ကွန်ဒိုရဲ့ မြောက်ဘက်ခြမ်းအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Video-U Naung

0 Shares:
You May Also Like
Read More

မြိတ်ကနေ တနင်္သာရီဘက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး သော်ဇင်ထွန်းအပါအဝင် ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၁၉ ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးသော်ဇင်ထွန်းအပါအဝင် ၄ ယောက် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရှေ့ချောက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်းမှာ အင်အား ၁၀၀ ခန့်နဲ့ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ချောင်းဦးမြို့အတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ မိုးကောင်း‌ကျောင်းအတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အင်အား ၁၀ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၆ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိသွား တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံက သိရပါတယ်။