မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက် မနက်ပိုင်းက ရှင်မကန်ပျူစခန်းကို ရော့ကတ် ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၉ ရက် မနက်ပိုင်းက ညောင်ဂျစ်ပင်နဲ့ အနောက်မကျီးကန်ပျူစခန်းတွေကို ရော့ကတ် ၃ လုံးစီ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၃၀ ရက် ညနေပိုင်းမှာတော့ အောင်သာပျူစခန်းကို ရော့ကတ် ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း မကျီးကန်ကျေးရွယ ပျူစောထီးတွေဟာ အောင်သာရွာဘက် ထွက်ပြေးသွားပြီး ပျူစောထီးတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Rocket ဘုရင် စစ်ဆင်ရေး အမှတ်စဉ်(၁) ဖြစ်တဲ့ အဲဒီတိုက်ခိုက်မှုတွေကိုတော့ ဧရာဒေါင်းတပ်ဖွဲ့နဲ့ COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု လုပ်​ဆောင်နေသည့် ဂန့်ဂေါမြို့ပေါ်ကို တော်လှန်ရေးတပ်များ နှစ်ရက်ဆက်တိုက် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရွေးကောက်ပွဲအတု လုပ်ဆောင်နေချိန်  တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နှစ်ပွင့်ဗိုလ်အပါအဝင် စစ်အုပ်စုက ထိခိုက်မှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းဆီက သိရပါတယ်။
Read More

သရက်ချောင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ နေအိမ်များကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ တန်ဖိုးရှိ ပစ္စည်းများကို သယ်ဆောင်သွား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်အုပ်စုကို K.N.D.O ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ရာ သေနတ် ၆ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းက စစ်ကောင်စီ လက်အောက်ခံရဲကင်း တိုက်ခိုက်ခံရ၊ ရဲနဲ့ပျူစောထီးအများအပြားသေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ရဲကင်းကို PDFများကတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။