ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ 

ပြင်းအား ၇ ဒသမ ၇ ရစ်ချက်စတာ စကေး ရှိ အလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုတွေကြောင့်  အသက်ဆုံးရှုံးရမှုနဲ့ ပျက်စီးဆုံးရှုံးရမှုတွေကို စာနာနားလည်ရန် ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်ကို သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝမ်းနည်းခြင်း နေ့ရက်အဖြစ် သတ်မှတ်ထားတဲ့ ရက်တွေမှာ နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချ လွှင်ထူပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကိုင်းကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အရေအတွက်ဟာ ၁၇၀၀ကျော်သွားပြီလို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ငလျင်ကြောင့် နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း ကြေညာမှုမတိုင်ခင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားတွေနေထိုင်ရာ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်က နေရာအချို့မှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လက်ရှိအခြေအနေမှာ ခုခံစစ်ကလွဲပြီး ထိုးစစ်တွေ ရပ်နားထားမယ်လို့ အသိပေးကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းမြို့နယ်တွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များအတွက်ပါ အသိပညာများစွာ ရစေခဲ့သည့် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

မကွေးတိုင်း၊ ထီးလင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်ခဲ့ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အသိပညာများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောင်နယ်ရှိ စစ်ကော်မရှင် အထိုင်စခန်း လက်နက်ကြီး နှင့် ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အကြမ်းဖက်စစ်ကော်မရှင်တပ်စခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက် ပစ်ခတ်ခဲ့လို့ ၂ ယောက်သေဆုံး သွားတယ်လို့  T.G.R  ပြည်သူ့ကာကွယ်ရေး တပ်ဆီက သိရပါတယ်။
Read More

ဂတ်စ်ပိုက်လိုင်းစောင့် စစ်ကောင်စီဂိတ်စခန်းကို နွားထိုးကြီး ပကဖ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တရုတ်ဂတ်(စ်)ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ကူညီအားပေးပြီး စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ရပ်တွေကို အကူအညီမပေးဖို့ ထိုင်းကို NUG တောင်းဆို

ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ်  အားပေးကူညီပြီး စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ရပ်တွေကို အကူအညီမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။