ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။

မတ်လ ၂၆ ရက် ညပိုင်းက ဖြူးလမ်းမကြီးဘေးရှိ လေးအိမ်စုရွာကနေ ဝဲဒေါင့်ရွာသို့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၃ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်‌ကောင်စီတပ်သားတွေကို ဆိုက်တွဲနဲ့ သယ်ဆောင်သွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၂၇ ရက် မနက်ပိုင်းကလည်း တောင်ငူခရိုင် ‌ညောင်ခြေထောက်အပိုင် စည်ပင်သာ ရွာဘေးရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် ၃၅၀၂ စစ် တောင်းစစ်ကြောင်းက ရဲဘော်တွေ လုံခြုံရေးစစ်ဆေးမှု လုပ်ဆောင်နေစဉ် ရဲနဲ့ စစ်သားအင်အား ၁၀ ယောက်ပါဝင်တဲ့ ဘန်ကာတွေ ပြုလုပ်ထားတဲ့ ရထားခေါင်းတွဲနဲ့ အင်အား ၆ ယောက် အဖြူ ရောင်ယာဉ် ၁ စီး ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စခန်းမှူးအဆင့်ရှိသူ အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ရဲနဲ့ စစ်သား  ၅ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ အရပ်သား ၂ ယောက်ကို လက်ပြန်ကြိုးတုပ်ကာ စခန်းထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဝင် တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းမှာ ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွာအပြင်က စစ်ရှောင်တဲများကို ရွာအတွင်း တပ်စွဲထားသည့် စစ်တပ်က မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငယှန်ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားများ လက်ရှိရှောင်တိမ်းနေထိုင်နေရတဲ့ ရွာပြင်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက မောင်းကိုပြောပါတယ်။
Read More

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် လူထုအမြင် (ရုပ်/သံ)

ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုအပေါ် မြန်မာပြည်သူလူထုရဲ့ သဘောထားအမြင်ကို Yangon Revolution Force - YRF က ထုတ်ပြန်ထားပါတယ်။