ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ ဖြူးလမ်းမကြီးဘေး လေးအိမ်စုရွာတို့မှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၂၆ ရက်၊ ညဦးပိုင်းက တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေး ဝဲဒေါင့်ရွာကနေ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လှန်ရေးအင်အားစုတွေ လေးအိမ်စုရွာမှာ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ယောက် သေဆုံးခဲ့ပြီး အလောင်းတွေကို ဆိုက်တွဲတွေနဲ့ပြန်လည်တင်ဆောင်သွားကြောင်း ​PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ပြောပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ (မတ်လ၂၇ ရက်) မနက်အစောပိုင်းမှာလည်း တောင်ငူခရိုင်၊ ညောင်ခြေထောက်အပိုင် စည်ပင်သာရွာဘေးက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ရဲဘော်တွေ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ တက်ရောက်လုပ်ဆောင်နေချိန်မှာ သူတို့အနီးအနားကို အင်အား ၁၀ ယောက်ပါ ဘန်ကာ ရထားခေါင်းတို အတွဲတစ်တွဲနဲ့ အင်အား ၆ ယောက်ပါ ကားအဖြူတစ်စီးတို့ရောက်ရှိလာပြီး တော်လှန်ရေးရဲဘော်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီတစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုမှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၅ ယောက် သေပြီး စခန်းမှူးအပါ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ပြောပါတယ်။

ထိတွေ့တိုက်ပွဲအပြီး အထိနာသွားတဲ့ စစ်ကောင်စီက အရပ်သား ၂ ယောက်ကို လက်ပြန်ကြိုးတုပ်ကာ အနီးအနား ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းတပ်ခွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တောင်ငူခရိုင် အမှတ်၂ တပ်ရင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်း)

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ABSDF ပါဝင်တိုက်ခိုက်ခဲ့၊ ABSDF ရဲဘော် ၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃ (3803) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ၊ သာယာဝတီခရိုင်တပ်ရင်း ၃ (3803) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ သာယာဝတီခရိုင်အတွင်း ကျင်းပ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဗိုလ်မှူးကြီး အောင်ဆန်းလွင် အပါအဝင် စစ်အရာရှိကြီး ၅ယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီး ကျပ်ငွေ သိန်း ၄သောင်းကျော် သိမ်းဆည်းနိုင်တယ်လို့ သိရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က စစ်ဦးစီးအရာရှိ အဆင့်တွေကို အကျင့်ပျက်ခြစားမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေရာမှာ မြန်မာငွေ ကျပ်သိန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

DKBA ပိုင်နက်ထဲ နိုင်ငံခြားသားများအပါ ကျားဖြန့်လုပ်သား ၂၀၀၀ ကျော်တွေ့၊ ကျားဖြန့်တိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းလိုဟု KNU ထုတ်ပြန်

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတစ်ခုဖြစ်တဲ့ အင်အားကြီးမားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ထိန်ပန်းကျေးရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိန်ပန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ အရပ်သားမိသားစု ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။