ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းထဲက ကျေးရွာတွေဆီ သွားရောက်ကာ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ပြည်သူလူထု လုံခြုံရေးဌာန ရဲဘော်တွေနဲ့ စစ်တောင်းစစ်ကြောင်း ရဲဘော်တွေက အဓိက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ကြာင့် စစ်ကောင်စီကို ထိုးစစ်တွေ ရပ်နားထားပြီး စိုးမိုးထိန်းချုပ်ရာဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်မယ်လို့ ကနဦး အသိပေးထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်သင့် ဒေသတွေနဲ့ ဆက်စပ်တဲ့ ခရိုင်တွေမှာ ခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၂ ရက်အထိ နှစ်ပတ်ကြာ ရပ်ဆိုင်းမယ်လို့ NUG က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

နိုဝင်ဘာလအတွင်း ပြည်သူ ၅ ဦးကို စစ်အုပ်စု ရွေးကောက်ပွဲဥပဒေဖြင့် ထပ်မံဖမ်းဆီးထား၊ ရန်ကုန်တွင် ၂ လအတွင်း ဖမ်းဆီးခံထားရသူ ၁၅ ဦး ရှိ

အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက အရပ်သား ၅ ယောက်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အသီးသီး ထပ်မံ အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

၂ လအတွင်း စစ်မှုထမ်း ၁၄ ဦး လက်နက်ခဲယမ်းကိုယ်စီဖြင့် ကလေးခရိုင်ပကဖရုံး ဒရုန်းတပ်ဖွဲ့ထံ အလင်းဝင်၊ အများစု ပကဖနှင့်အတူ စစ်တပ်ကို ပြန်တိုက်နေ

ဇူလိုင်နဲ့ သြဂုတ်လအတွင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖရုံး) ဒရုန်းတပ်ဖွဲ့ထံ အတင်းအကြပ် စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၄ ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာခဲ့ပြီး ပကဖနဲ့အတူ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ ကလေးခရိုင် ပကဖ တာဝန်ရှိသူ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

အရာတော်ရှိ ပျူစောထီး ကင်း၂ခုကို တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၊ ပျူစောထီး ၁ ဦးသေပြီး ထောင်ထားသည့် မိုင်းများ သိမ်းဆည်းရမိ…

"ငွေတွင်းပျူရွာမှာက တပ်စည်းနှစ်စည်းရှိပါတယ်။ အဲ့စည်းတွေကိုကျော်ပြီး ကင်းတွေနဲ့ မီတာ ၁၀၀အထိ ကပ်ပစ်ခဲ့ပါတယ်။ ဒီနေ့လဲငွေတွင်းရွာပြင်မှာ မီးတွေရှို့တာတွေ့တယ်။ ထိထားတဲ့ကောင်တွေကို သဂြိုလ်နေတာဖြစ်နိုင်ပါတယ်။ ငွေတွင်းပျူရွာကို ကျနော်တို့ ပိတ်ဆို့ထားတာ ၅လ၊ ၆လလောက်ရှိပါပြီ။ ၁၅ရက်တစ်ခါလောက်ထိတွေ့မှုဖြစ်ပါတယ်။ အဲ့ရွာက အရပ်သားတွေအကုန်ထွက်ကုန်ပြီ။ လက်နက်ကိုင်ပျူတွေပဲရှိပါတော့တယ်။" လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြိုင်နဲ့ ပခုက္ကူအစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး…

မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံ ၂ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်သေနတ်တွေနဲ့ပါ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ပခုက္ကူ ၁၀၁ ကနေ ပါရာမော်တာ ၃ စီးတက်လာတာပေါ့နော်။ အဲ့လိုနဲ့ ပခုက္ကူနဲ့ မြို့ကြားအစပ်က ကျေးရွာပေါ့နော်။ ကျွန်တော်တို့ကတော့ နာမည်ထည့်မပြောတော့ဘူးနော်။ အဲ့လိုနဲ့ အဲ့ကျေးရွာကို ဗုံး ၂လုံး အရင်ကြဲချတာပေါ့နော်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းတွင် KNLA နှင့် DKBA ဗိုလ်ဘိတပ်တို့ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နောင်မိကျေးရွာလမ်းပိုင်းမှာ KNLA ပူးပေါင်းတပ်နဲ့ DKBA ဗိုလ်ဘိတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBA ဗိုလ်ဘိတပ်သားတချို့ကို အရှင်ဖမ်းမိထားတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။