ပြင်းထန်စွာ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းအတွက် ဆက်သွယ်ရေးများလိုအပ်ပါက အီလွန်မတ်ရဲ့ စတားလင့်က ပံ့ပိုးကူညီပေးပို့ အသင့်ရှိတယ်လို့ Space X က ထုတ်ပြန်ပါတယ်။

ကုမ္ပဏီဘက်က ပံ့ပိုးပေးဖို့ သက်ဆိုင်ရာ အစိုးရတွေထံ တောင်းဆိုလိုက်တာဖြစ်ပြီး ခွင့်ပြုချက်ရရှိရေးကတော့ နိုင်ငံတွေ အပေါ်မူတည်တယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာကျော် အင်တာနက်နဲ့ ဂြိုလ်တုဝန်ဆောင်မှုဆိုင်ရာ စတားလင့် က ငလျင်ဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေအတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေအတွက်  အကူအညီပေးလိုနေတာဖြစ်ပါတယ်။

စတားလင့် က သဘာ၀ဘေးအန္တရာယ်တွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆက်သွယ်ရေးပြတ်တောက်မှုတွေကို ကူညီဖြေရှင်းပေးမှုတွေလည်း လုပ်ဆောင်ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလက အမေရိကန်နိုင်ငံမှာ  ဟာရီကိန်းဟယ်လင်မုန်တိုင်း တိုက်ခိုက်စဉ်ကလည်း SpaceX ၏ Starlink ဂြိုဟ်တုဆက်သွယ်ရေးဖြင့် အန္တရာယ်ဇုန်များသို့ အင်တာနက်အသုံးပြုခွင့်ပေးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ပံ့ပိုးကူညီမည်ဟု တရုတ် ထပ်လောင်းအတည်ပြု

တရုတ်က မင်းအောင်လှိုင် ဟန်ပြကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို  ပူးပေါင်းကူညီသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံမှုမှာ ထပ်လောင်းအတည်ပြု ကတိပေးလိုက်ပါတယ်။
Read More

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ ဆန့်ကျင်ကန့်ကွက်ပွဲပြုလုပ် (ဓာတ်ပုံသတင်း)

တရုတ်နိုင်ငံမှ မြန်မာစစ်အုပ်စုကို ထောက်ပံ့ကူညီနေမှုများကို အမြန်ဆုံးရပ်တန့်ဖို့ဆန့်ကျင်ကန့်ကွက်ပွဲကိုပြုလုပ်အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

စစ်ရေးပြမယ့် စစ်သားတွေ ရန်ဖြစ်လို့ အကြမ်းဖက် နှိမ်နင်းရေးတပ်ခေါ်ပြီး ကျင်စက်တွေပါ သုံးခဲ့ရ၊ ရန်ပွဲကြောင့် ၁၈ ယောက်ခန့် ဒဏ်ရာရတဲ့အထဲ ၃ ယောက် အသက်အန္တရာယ်စိုးရိမ်ရ 

နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီအခေါ် (တပ်မတော်နေ့) စစ်ရေးပြဖို့ စုဝေးရောက်ရှိနေတဲ့ စစ်သားတွေ အရက်မူးစကားများ ရန်ဖြစ်ကြရာကနေ စစ်သား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။