ပြင်းထန်လှတဲ့ ငလျင်ဒဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ၂ ပတ်တာ ထိုးစစ်တွေ ရပ်နားထားမယ်လို့ NUG က ကြေညာပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မတ်လ ၃၀ ရက်၊ ဒီနေ့မနက်ပိုင်းမှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် Mi17 ရဟတ်ယာဥ်နဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပေါက်မြို့နယ်အတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာအတိအကျနဲ့ မြေပြင်အခြေအနေတွေကိုတော့ မသိရသေးကြောင်း၊ အတည်ပြုနိုင်ဖို့စုံစမ်းနေကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

“ပေါက်မြို့နယ်ထဲ လာကြဲသွားတာ ဟုတ်ပါတယ်။ ဒါပေမယ့် တပ်စိတ်မှူးနဲ့ အဆက်အသွယ်မရသေးလို့ နေရာအတိအကျတော့ သိရှိရသေးပါဘူးခင်ဗျာ” လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ်ကူညီရေးနဲ့ ကယ်ဆယ်နိုင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ထိုးစစ်တွေ နှစ်ပတ်တာရပ်နားကြောင်း မတ်လ ၂၉ ရက် မနေ့က ညပိုင်းမှာ ပြောကြားထားတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် နိုင်ငံနဲ့တဝှမ်း သေဆုံးသူ ၁၆၀၀ ကျော်လာချိန်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က “လုံးဝ လက်ခံနိုင်စရာမရှိတဲ့ကိစ္စ” လို့ ပြောကြားထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်၊ နေ့လယ်ဘက် ငလျင်မလှုပ်ခင် မိနစ်ပိုင်းလောက်အလိုမှာလည်း ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာရှိတဲ့ ချမ်းစိမ့်တိုင်းရင်းဆေးတိုက်ကို  စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမားတွေ ထိခိုက်သေဆုံးခဲ့ကြရပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ပြီး သိပ်မကြာခင်အချိန်မှာပဲ နောင်ချိုမြို့နယ်၊ နောင်လင်ရွာနဲ့ ကံကြီးရွာအနီးတို့ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် DPLA တပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်၊ စခန်းကို အပြီးသတ်ရရှိခါနီးမှ ရန်သူ့စစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ဘန့်ဘွေးကုန်းရွာ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ ယောက် သေ၊ ၃ ယောက် ဒဏ်ရာရခဲ့ပြီး စခန်းအပြီးသတ်သိမ်းပိုက်ဖို့ ကြိုးစားချိန် ရန်သူ့စစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများအား ဂုဏ်ပြုကြောင်း KNLA  တပ်မဟာ ၄ ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့မှုမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်း တပ်မဟာ(၄) တပ်မမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မိုင်းထွက်ရှင်းတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါ ၅ ယောက် သေ၊ တပ်ကြပ်အလောင်းကို ပစ်ထားခဲ့လို့ တော်လှန်ရေးရဲဘော်တွေ မီးသဂြိုဟ်ပေးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် - ၁၅ က ထုတ်ပြန်ထားပါတယ်။