မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ye People Defense Force – YPDF) နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ဟာ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ MSFC နဲ့ YPDF တို့ရဲ့ နှစ်ဖက်အဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့၊ ၊ ငြိမ်းချမ်းရေး လူ့အခွင့်အရေးနဲ့ တန်းတူရေးကို အာမခံတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံး ပေါ်ပေါက်လာဖို့ကို ရည်ရွယ်ပြီး ပူးပေါင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“ကျနော်တို့ ပူးပေါင်း လက်တွဲပြီး တိုက်ပွဲဝင်မှသာလျှင် ကျနော်တို့ရဲ့ ရည်မှန်းထားတဲ့ အဓိက ပန်းတိုင်ကို ရောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပူးပေါင်းရတာ ဖြစ်ပါတယ်“ လို့  မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နာဲနဂါးက မောင်းကို ပြောပါတယ်။ 

ပူးတွဲထုတ်ပြန်ချက်

YPDF ဟာ နွေဦးတော်လှန်ရေးကာလ စတင်ကတည်းက ဗိုလ်ရန်နိုင် ဦးဆောင်ဖွဲ့စည်းတဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ဒီနေ့ မတ်လ ၃၀ ရက်နေ့ကစလို့ MSFC ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကို အပြည့်အဝခံယူကာ စစ်ကောင်စီနဲ့ အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဟာ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့နဲ့လည်း နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်မှုတွေကို သဘောတူထားတာ ဖြစ်ပါတယ်။ 

0 Shares:
You May Also Like
Read More

မြင်းခြံခရိုင်ပကဖထံမှ သေနတ်ယူထွက်ပြေးသည့် အချုပ်သားများအနက် ၈ ဦးကို Zero ပြောက်ကျားတပ်ဖွဲ့ ပြန်လည်ဖမ်းဆီးအပ်နှံထား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖထံကနေ လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေထဲက ၈ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)၊ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။ အောက်တိုဘာလ ၁၆ရက် မနေ့က မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ အချုပ်သား အယောက် ၃၀ နီးပါး သေနတ်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြခဲ့ပါတယ်။
Read More

NUG ရဲ့ စွမ်းဆောင်ရည်တွေကို ပြည်သူလူထုကိုယ်စား ကောင်းစွာအသိအမှတ်ပြုသည်ဟု CRPH က သဝဏ်လွှာပေးပို့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပြည်သူလူထုကိုယ်စား မိမိတို့အနေဖြင့် ကောင်းစွာ အသိအမှတ်ပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်မှုထမ်း ဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) စစ်သင်တန်းကို စစ်ကောင်စီက စတင်ဖွင့်လှစ်

စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို NUG ဝန်ကြီးတွေ ပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ဆင်နွှဲခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးနှင့် မြင်းခြံ တိုက်ပွဲများအတွင်း စစ်အကြမ်းဖက်စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက်ခဲ့ကြောင်း ဗိုလ်မိုက်ခဲပြော

မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲသုံးကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၁၀ ယောက် ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။