အာဏာသိမ်း စစ်တပ်ရဲ့ တပ်သား (၃) ယောက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။

တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းက တပ်သား (၃) ယောက်ဟာ မတ်လ ၂၈ ရက်မှာ သေနတ် ၃ လက် ယူဆောင်လာကာ TNLAတပ်ဖွဲ့ထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ တပ်ဖွဲ့ထဲက ဗိုလ်ကြီးအဆင့်ရှိသူတစ်ယောက် တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့လို့ ဦးဆောင်သူမရှိတော့တာကြောင့် ထွက်ပြေးပြီး အလင်း၀င်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် အောက်တိုဘာ ၁၂ရက်ကလည်း သီပေါမြို့အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နဲ့ (၅၀၄) စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို PSLF/TNLA က လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လှည်းကူးတွင် အတုအယောင်ရွေးကောက်ပွဲအတွက် အားကျိုးမာန်တက် စည်းရုံးပေးနေသည့် ဇရပ်ကွင်းရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ၊ ပျူ ၂ ဦး လွင့်သွား

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ အရပ်သားတွေကို အတုအယောင် ရွေးကောက်ပွဲစိတ်ဝင်စားဖို့ အတင်းအဓမ္မ စည်းရုံးနေတဲ့ ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးယူနေတဲ့ ပျူစောထီး ၂ယောက် သေဆုံးနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာလ ၁၈ရက်၊ မနေ့ညနေပိုင်းမှာ Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတပ်ဖွဲ့ဝင်တွေက ဇရပ်ကွင်းရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်း ၂လုံးနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် လူ ၃၀ ကျော် သေဆုံးထားသည့် စဉ့်ကူးကို အကြမ်းဖက်စစ်တပ် တိုက်ပွဲမရှိဘဲ ဗုံးကြဲ

ငလျင်ဒဏ်ကြောင့် အရပ်သား ၃၀ ကျော် ၄၀ နီးပါးသေဆုံးထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်​ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သား ၂ယောက် ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ပြင််ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၉ ၊ ဧရာဝတီ ဖွဲ့စည်းပြီးစီးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ ထုတ်ပြန်ကြေငြာ.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ (တနည်း) AYA PDF (ဧရာဝတီ PDF) ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ AYA PDF အမှတ်(၂၉) ဗျူဟာက ဒီဇင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်အရှေ့ခြမ်းတွင် စစ်တပ်ဂျက်ဖိုက်တာ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး၊ ထိခိုက်သေဆုံးသူများ တိုးလာနိုင်ခြေ ရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့‌ခြမ်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးပိုင်း ၂ ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသား ၁ ယောက် သေဆုံးပြီး ထိခိုက်သေဆုံးသူတွေ ထပ်တိုးလာနိုင်ခြေရှိကြောင်း Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။