ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မန္တလေး တက္ကသိုလ်ပင်မဆောင်ဟာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုဖြစ်ပေါ်ခဲ့လို့ အဖြေလွှာတွေပါ မီးလောင်ဆုံးရှုံးမှုထဲ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

မန္တလေးတက္ကသိုလ် ပင်မဆောင်မှာရှိနေတဲ့ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေဖြစ်တဲ့ မန္တလေးတိုင်းက ဖြေဆိုသူဦးရေ ၄၆၉၄၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀)အုပ်၊ စစ်ကိုင်းတိုင်းက ဖြေဆိုသူ (၇၃၁၁) ယောက်ရဲ့ အဖြေလွှာအုပ်ရေ (၄၃၈၂၇)အုပ်၊ကချင်ပြည်နယ်က ဖြေဆိုသူ (၈၆၉၉)ယောက်ရဲ့ အဖြေလွှာအုပ်ရေ (၅၂၁၈၉)အုပ်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျက်စီးဆုံးရှုံးသွားရတဲ့ စာဖြေလွှာတွေအတွက် ဘယ်လို ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းအရှေ့မြောက် ဒေသတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ထိန်းချုပ်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ…

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လူသတ် မီးရှို့ ခိုးယူနေသည့် ရေစကြိုတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။