ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါဟာ အမေရိကန်က မြန်မာနိုင်ငံကို ငလျင်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အကူအညီ စတင်ပေးအပ်လာတာ ဖြစ်ပါတယ်။

အကူအညီတွေကိုတော့ မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေကတဆင့် ချိတ်ဆက်ပေးပို့သွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်စွာ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ဒေသတွေကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း မနေ့က မတ် ၂၉ ရက်မှာ ပြောကြားထားပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်အတွက် ကူညီပေးသွားမှာပါ။ ဒီလို အကူအညီပေးရေးအတွက် သက်ဆိုင်ရာနိုင်ငံက သူတွေနဲ့ စကားပြောဆိုမှုတွေ လုပ်ပြီးပါပြီ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

တဆက်တည်းမှာပဲ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ကလည်း ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါး၊ ရေ စတဲ့ အပူတပြင်း လိုအပ်ချက်တွေကို ဖော်ထုတ်ဖို့ မြန်မာနိုင်ငံကိုရောက်ရှိလာမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတကို လွှတ်တော်က တာဝန်ဆိုင်းငံ့…

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူတွေထံ အကူအညီများ မရောက်စေရန် အာဏာသိမ်းစစ်တပ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလထံ အသိပေး

အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

အီရန်စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံးခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုအပြီး အီရန်နှင့်အစ္စရေးတို့ အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်လာ အမေရိကန်က အီရန်ဒုံးကျည်အချို့ကို ကူပစ်ချပေးခဲ့…

အစ္စရေးကလည်း အီရန်ကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံအများအပြားကြားရတယ်လို့ သတင်းများကဆိုပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းတွေ နေထိုင်ရာနေရာနဲ့ နီးတဲ့ မက်ရာဘက်လေဆိပ်ကိုလည်း ဒုံးကျည် နှစ်စင်းထိမှန်ခဲ့ပြီး အဆိုပါလေဆိပ်မှာ တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ထားရှိရာ လေတပ်အခြေစိုက်စခန်းရှိတယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

ဆေးဝါးကျွမ်းကျင်သူများပါဝင်မည့် အမေရိကန် ခရစ်ယာန်အဖွဲ့ Samaritan’s Purse ငလျင်ဒဏ်သင့်ဒေသများကို လာရောက်ကူညီမည်

အမေရိကန်နိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ခရစ်ယာန်အဖွဲ့တစ်ခုဟာ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ လာရောက်မယ့်အကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန် က သူ့ရဲ့ ဖေ့ဘွတ်(ခ်) စာမျက်နှာကတဆင့် အသိပေးပါတယ်။