ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးဖို့၊ နေပြည်တော်နဲ့ မန္တလေးက ငလျင်ဘေးအန္တရာယ်ကျရောက်နေသူတွေကို ကူညီဖို့အတွက် ရောက်ရှိလာ​တာဖြစ်ကြောင်း ရန်ကုန်မြို့ ထိုင်းသံရုံးက ထုတ်ပြန်ပါတယ်။

ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်မယ့် ထိင်းအထူးတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံတစ်ဝန်းက ငလျင်ဒဏ်သင့် ဒေသတွေဆီ သွားရောက်ကူညီမှုတွေကို ဒီနေ့ မတ်လ ၃၀ရက်မှာ စတင်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့အပါအဝင် နိုင်ငံအတော်များများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ သဘာဝဘေးဒဏ်သင့် မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်တိုက်စေလွှတ်လျက်ရှိနေပါတယ်။

(ဓာတ်ပုံ Royal Thai Embassy, Yangon)

0 Shares:
You May Also Like
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုလုပ်မည့် ရွေးကောက်ပွဲ လွတ်လပ်မျှတပြီး အားလုံးပါဝင်ရမည်ဟု အိန္ဒိယပြော

"အိန္ဒိယအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတယ်၊ ရွေးကောက်ပွဲအပေါ် အများလက်ခံယုံကြည်မှုနဲ့ တည်ငြိမ်မှုအတွက် နိုင်ငံရေးအရ သက်ဆိုင်ရာအစုအဖွဲ့အားလုံး ပါဝင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်ဖို့ လိုအပ်တယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့၊ ဆွေးနွေးပွဲတွေလုပ်နိုင်ဖို့နဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ကို ရှေ့ရှုတဲ့ ကြိုးပမ်းမှုအားလုံးကို အိန္ဒိယက ဆက်လက်ပံ့ပိုးပေးသွားမယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။
Read More

အီရန်၏ စစ်တွင်းကာလ စစ်ဦးစီးချုပ် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး

အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ဘီလာရုစ် သမ္မတက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမှုအပေါ် Defend Myanmar Democracy အဖွဲ့ က ကန့်ကွက် 

စစ်ကောင်စီရဲ့ တရားမ၀င်ရွေးကောက်ပွဲမှာ ရုရှားနဲ့ ဘီလာရုစ် ပါ၀င်ကူညီမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း Defend Myanmar Democracy အဖွဲ့ က ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  
Read More

ထိုင်းနိုင်ငံ တောအုပ်တစ်ခုထဲရှိ ကား ၃စီးပေါ်တွင် တရားမဝင် မြန်မာလုပ်သား ၅၅ ဦး ဖမ်းမိ၊ ကားမောင်းသူများ ရဲမလာခင် ထွက်ပြေးသွား

ထိုင်းနိုင်ငံ Khao Khi Foi ခရိုင်ခွဲထဲက တောအုပ်တစ်ခုမှာ စွန့်ပစ်ထားတဲ့ ကား ၃စီးကနေ မြန်မာနိုင်ငံသား ၅၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။