ပြင်းထန်လှတဲ့ ငလျင်ဒဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ၂ ပတ်တာ ထိုးစစ်တွေ ရပ်နားထားမယ်လို့ NUG က ကြေညာပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မတ်လ ၃၀ ရက်၊ ဒီနေ့မနက်ပိုင်းမှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် Mi17 ရဟတ်ယာဥ်နဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပေါက်မြို့နယ်အတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာအတိအကျနဲ့ မြေပြင်အခြေအနေတွေကိုတော့ မသိရသေးကြောင်း၊ အတည်ပြုနိုင်ဖို့စုံစမ်းနေကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

“ပေါက်မြို့နယ်ထဲ လာကြဲသွားတာ ဟုတ်ပါတယ်။ ဒါပေမယ့် တပ်စိတ်မှူးနဲ့ အဆက်အသွယ်မရသေးလို့ နေရာအတိအကျတော့ သိရှိရသေးပါဘူးခင်ဗျာ” လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ်ကူညီရေးနဲ့ ကယ်ဆယ်နိုင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ထိုးစစ်တွေ နှစ်ပတ်တာရပ်နားကြောင်း မတ်လ ၂၉ ရက် မနေ့က ညပိုင်းမှာ ပြောကြားထားတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် နိုင်ငံနဲ့တဝှမ်း သေဆုံးသူ ၁၆၀၀ ကျော်လာချိန်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က “လုံးဝ လက်ခံနိုင်စရာမရှိတဲ့ကိစ္စ” လို့ ပြောကြားထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်၊ နေ့လယ်ဘက် ငလျင်မလှုပ်ခင် မိနစ်ပိုင်းလောက်အလိုမှာလည်း ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာရှိတဲ့ ချမ်းစိမ့်တိုင်းရင်းဆေးတိုက်ကို  စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမားတွေ ထိခိုက်သေဆုံးခဲ့ကြရပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ပြီး သိပ်မကြာခင်အချိန်မှာပဲ နောင်ချိုမြို့နယ်၊ နောင်လင်ရွာနဲ့ ကံကြီးရွာအနီးတို့ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် DPLA တပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော် (၄) နှစ်ပြည့်နှင့် စစ်သင်တန်းဆင်း အခမ်းအနား

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားနဲ့ အပတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်က ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ ပျူ ၇ယောက်သေ၊ တော်လှန်ရေးရဲဘော်တစ်ယောက်လည်း ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့  ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်၏ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ် Union Liberation Front - ULF စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘားအံလာမည့်အတွက် လုံခြုံရေးတိုးမြင့်ပြီး အစစ်ဆေးတင်းကြပ်နေဟုဆို

ကရင်ပြည်နယ်၊ ဘားအံမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်အတွက် လုံခြုံရေးတိုးမြင့်ထားပြီး၊ အစစ်ဆေးလည်းတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဘားအံမြို့နေရာတော်တော်များများမှာ ကင်းချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသလို မြို့ဝင်၊ မြို့ထွက်အားလုံးမှာလည်း စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုပါတယ်။
Read More

လက်ကျန် စစ်တပ်စခန်း ၃ ခု ကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ၊ ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။