ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်တဲ့ဘက်က အမြန်ဆုံး ထောက်ပံ့ကူညီပေးအပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်၊ သွေးရင်းညီအစ်ကိုစိတ်ဓာတ်အပြည့်ဖြင့် အသိပေးတယ်လို့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူလူထုများရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အဆောက်အအုံများ စွာတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနှင့် ကာယကံရှင်မိသားစုများ၊ ဆွေမျိုးများနှင့် ထပ်တူ ထပ်မျှဝမ်းနည်းရတယ်လို့လည်း ဖော်ပြထားပါတယ်။

ငလျင်ကြောင့် ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှု ပကတိမြေပြင်အချက်အလက်များနဲ့ မိုးလေဝသနှင့် ဇလဗေဒတိုင်းထွာချက်များအရ နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသေးသောကြောင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာ နေထိုင်ကြဖို့လည်း တိုက်တွန်းပါတယ်။

0 Shares:
You May Also Like
Read More

“ရှမ်းမန်း စစ်ဆင်ရေး” နှင့် “၁၀၂၇ စစ်ဆင်ရေး – အပိုင်း (၂)” တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့် BLDF တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့…

"ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" မှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့တယ်လို့ BLDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်နဲ့ ဖလမ်း မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ အညံ့ခံ၊ တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ချင်းပြည်နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံပြီး စစ်တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီက အရာရှိတွေအပါဝင် ၅ ယောက်ကို တာဝန်ပေါ့​လျော့မှုနဲ့ အရေးယူထား

မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ယူရေး လိုအပ်တဲ့ ကွန်ပျူတာ ဝယ်ဖို့ဆိုပြီး အုပ်ချုပ်ရေးမှူး ပိုက်ဆံလိုက်ကောက်နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ရေငံကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်း ကောက်ယူရာမှာ အသုံးပြုဖို့အတွက် ကွန်ပျူတာဝယ်ဖို့ဆိုပြီး အိမ်ထောင်စုတစ်စုကို ကျပ်ငွေ ၃ထောင်စီ အတင်းအဓမ္မ ကောက်ယူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မုံရွာ- မန္တလေးလမ်းပေါ်က မြင်းမူမြို့နယ်ထဲအ​ရောက်မှာ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂ယောက်သေပြီး ၆ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း BLDF-တပ်ခွဲ(အညာမိုင်း)တပ်ဖွဲ့ထံက သိရပါတယ်။ အောက်တိုဘာ ၂ ရက်၊ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ဘက်ကနေ…