ဗြိတိန်နဲ့ ဩစတေးလျ အစိုးရတွေက မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်အတွက်  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ငွေကြေးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ သက်ဆိုင်ရာ သံရုံးတွေကနေ အသီးသီးထုတ်ပြန်ပါတယ်။

ဗြိတိန်အစိုးရက စတာလင်ပေါင်း ၁၀ သန်း ထောက်ပံ့ အကူအညီပေးသွားမှာဖြစ်ပြီး ဒါဟာ ငလျင်ဒဏ် အပြင်းထန်ဆုံးခံခဲ့ရတဲ့ဒေသတွေအတွက် ရည်ရွယ်တယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဩစတေးလျ အစိုးရကလည်း အင်အားပြင်းငလျင်ဘေးသင့် ဒေသတွေအတွ် ကနဦး ‌ဒေါ်လာ ၂ သန်းကို International Committee of the Red Cross (ICRC) ကတစ်ဆင့် ပေးအပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာပြည်သူတွေထံ အသက်ကယ်အကူအညီတွေ ချက်ချင်းပေးပို့နေကြောင်းလည်း ဗြိတိန်နိုင်ငံ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Baroness Chapman က ထုတ်ပြန်ချက်ကတဆင့် ပြောဆိုပါတယ်။

အဓိကအားဖြင့် အခုထောက်ပံ့ငွေတွေ၊ အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အမိုးအကာရရှိရေးအတွက် အဓိကဆောင်ရွက်သွားဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွါးနေတဲ့အကျပ်အတည်းတွေနဲ့ ပိုမိုဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေကိုတုံ့ပြန်ဆောင်ရွက်နိုင်ဖို့ သဩစတြေးလျက ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့လည်း ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

ထိုင်းယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ကို တောင်းဆိုထား

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

မြန်မာ့အရေး ရပ်တည်ချက် (၄) ရပ် ထိုင်းချမှတ်၊ ရွေးကောက်ပွဲလေ့လာသူ စေလွှတ်စေချင်ပေမယ့် တရားဝင်အသိအမှတ်ပြုတာ မဟုတ်ဘူးဟု ထိုင်းဆို

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အဓိကမူဝါဒရပ်တည်ချက် (၄) ရပ် ချမှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ ဘလန်ကူရာက အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ (Global Democracy Trends) ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။