ပြင်းထန်လှတဲ့ ငလျင်ဒဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ၂ ပတ်တာ ထိုးစစ်တွေ ရပ်နားထားမယ်လို့ NUG က ကြေညာပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မတ်လ ၃၀ ရက်၊ ဒီနေ့မနက်ပိုင်းမှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် Mi17 ရဟတ်ယာဥ်နဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပေါက်မြို့နယ်အတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာအတိအကျနဲ့ မြေပြင်အခြေအနေတွေကိုတော့ မသိရသေးကြောင်း၊ အတည်ပြုနိုင်ဖို့စုံစမ်းနေကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

“ပေါက်မြို့နယ်ထဲ လာကြဲသွားတာ ဟုတ်ပါတယ်။ ဒါပေမယ့် တပ်စိတ်မှူးနဲ့ အဆက်အသွယ်မရသေးလို့ နေရာအတိအကျတော့ သိရှိရသေးပါဘူးခင်ဗျာ” လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ်ကူညီရေးနဲ့ ကယ်ဆယ်နိုင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ထိုးစစ်တွေ နှစ်ပတ်တာရပ်နားကြောင်း မတ်လ ၂၉ ရက် မနေ့က ညပိုင်းမှာ ပြောကြားထားတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် နိုင်ငံနဲ့တဝှမ်း သေဆုံးသူ ၁၆၀၀ ကျော်လာချိန်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က “လုံးဝ လက်ခံနိုင်စရာမရှိတဲ့ကိစ္စ” လို့ ပြောကြားထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်၊ နေ့လယ်ဘက် ငလျင်မလှုပ်ခင် မိနစ်ပိုင်းလောက်အလိုမှာလည်း ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာရှိတဲ့ ချမ်းစိမ့်တိုင်းရင်းဆေးတိုက်ကို  စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမားတွေ ထိခိုက်သေဆုံးခဲ့ကြရပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ပြီး သိပ်မကြာခင်အချိန်မှာပဲ နောင်ချိုမြို့နယ်၊ နောင်လင်ရွာနဲ့ ကံကြီးရွာအနီးတို့ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် DPLA တပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးတင်းမာနေသည့် ချင်းတော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် NUG သမ္မတရုံး တိုက်တွန်း

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေအပြင် စစ်ရေးတင်းမာမှုတွေပါ ဖြစ်ပွားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) တို့ ချင်းတော်လှန်ရေးအဖွဲ့ ၃ ဖွဲ့အနေနဲ့ ပဋိပက္ခတွေအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံး အဖြေရှာဖို့ လေးလေးနက်နက် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးတွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့်စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါ အရပ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF စိုးမိုးနယ်မြေအတွင်းက စစ်ရှောင်ကလေးငယ်တွေအပါဝင် ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်ဒဏ်များအကြား စစ်ကောင်စီက ပေါက်နှင့် စလင်းတွင် လေကြောင်းရော လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၊ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ် ၁ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး လေကြောင်းရန် တိမ်းရှောင်နေရသူ ၈ ထောင်ကျော် ရှိ

နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Read More

မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ဦးကို အုပ်ထိန်းသူများထံ အပ်နှံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ အမျိုးသားဖြစ်သူ စိန်လွင််ကို မူးယစ်ဆေးဝါးများနှင့် အတူ တောင်သာတွင် PDF များက ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ   မူးယစ်ဆေးဝါးတွေ ယူဆောင်ပြီး ပျော်ပွဲစားထွက်လာတဲ့ မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်သူ  စိန်လွင််ကို လက်ရဖမ်းဆီး ထားပြီလို့ မြင်းခြံခရိုင် တပ်ရင်း(၃) တာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။
Read More

မြောက်ဥက္ကလာပ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်၊ ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။