မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။

“သုခဒိုင်းမွန်းစိန်တိုက်၏ ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒေါ်မိုးသီတာရွှေနှင့် သားသမီးများမြေးလေးတို့မှာ 28.3.2025 တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကွယ်လွန်အနိစ္စရောက်သွားပါပြီ” လို့ အဆိုပါ စိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။

Sky Villa ကွန်ဒိုဟာ မနေ့က ငလျင်ဒဏ်ကြောင့် ပြိုကျကာ မြေကြီးထဲ ကျွံဝင်သွားပြီး မြေပေါ်မှာ ၇ ထပ်သာ ကျန်ရစ်တော့သလို ၄ ထပ် မြေထဲ ကျွံဝင်သွားတဲ့အတွက် လူအများအပြား ပိတ်မိသေဆုံးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ သုခဒိုင်းမွန်းစိန်တိုက်)
(ဓာတ်ပုံ သုခဒိုင်းမွန်းစိန်တိုက်)
(ဓာတ်ပုံ သုခဒိုင်းမွန်းစိန်တိုက်)
(ဓာတ်ပုံ သုခဒိုင်းမွန်းစိန်တိုက်)
(ဓာတ်ပုံ သုခဒိုင်းမွန်းစိန်တိုက်)

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ပျဉ်းမနားမြို့၊ ဝင်းရွှေစင်ရွှေဆိုင် အဆောက်အဦးအတွင်း ရုပ်အလောင်း ၉ လောင်း တွေ့ရှိရတယ်လို့ ဆန်ရေ-လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်

အလောင်း ၉ လောင်းအနက် ၃ လောင်း ဖော်ထုတ်ကာ နေပြည်တော်ခုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ထားပြီး ကျန်ရှိတဲ့ ရုပ်အလောင်းတွေ ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ ကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၀၀၂ ယောက်ရှိလာပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးနဲ့ ပျောက်ဆုံးနေသူမှာ အယောက် ၃၀ ရှိနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ဆန်ရေ-လူမှုကူညီရေးအသင်း)
(ဓာတ်ပုံ ဆန်ရေ-လူမှုကူညီရေးအသင်း)

 

0 Shares:
You May Also Like
Read More

သွေးစွန်းသင်္ကြန်လှုပ်ရှားမှု အဖြစ် ရန်ကုန်မှာ ပြုလုပ်

ရန်ကုန်မြို့ကန်တော်ကြီးဥယျာဥ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)က သွေးစွန်းသင်္ကြန် လှုပ်ရှားမှုအဖြစ် ဒီနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

မန္တလေးတွင် Bluetooth Speaker Box အားသွင်းရာမှ မီးလောင်ပြီး နေအိမ် ၈ လုံး ပျက်စီး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၁လမ်း နဲ့ ၇၂လမ်း ကြားမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈လုံး မီးလောင်ပျက်စီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
Read More

AA ၏ ထိုးစစ်အောက် နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ယောက်ကို CDF-Asho ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လေယာဉ်နဲ့ရဟတ်ယာဉ်တွေ အစားထိုးဝယ်ယူဖြည့်တင်း၊ တိုက်ပွဲတွေမှာ လေကြောင်း ပိုမိုအသုံးပြုမယ်လို့ ခြိမ်းခြောက်

စစ်ကောင်စီက သူတို့ လေတပ်ကထုတ်လုပ်တဲ့ ကင်းထောက်လေယာဉ် အမျိုးအစားနှစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီး လေကြောင်းစွမ်းအားကို စစ်ပွဲတွေမှာ ပိုမိုအသုံးပြုရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

နတ်တလင်းမြို့နယ်တွင်း ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး သေ့​ဘောဘိုးစခန်းကို ​တော်လှန်​ရေးတပ်​များ ဒရုန်းဖြင့် ဗုံးကြဲပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၅၀၀ ကျော် ထိုင်းဘက် တိမ်းရှောင်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲပြီးနောက် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။