ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Spicy Bar မှာ မတ်လ ၂၈ ရက်က  ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကြောင့် လူမှု ကွန်ရက်သုံးစွဲသူတွေအကြား ဝေဖန်မှုမြင့်တက်လျက်ရှိပါတယ်။

ဖျော်ဖြေပွဲပြုလုပ်တဲ့ ရက်ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ဒဏ်ကြောင့် လူ အများအပြားသေကျေပြီး အိုးအိမ်အဆောက်အအုံများ ပြိုကျပျက်စီးမှုကြောင့် လူအများ ဒုက္ခ ရောက်နေချိန်မှာ ဖျော်ဖြေပွဲကို ကျင်းပခဲ့တာကြောင့်ဖြစ်ပါတယ်။

”ငလျင်အရေးပေါ်အခြေနေကြောင့် ကမ္ဘာ့အဆင့်မှီ One Championship လို အဆင့်မြင့်ပွဲတွေတောင်ရပ်ပစ်တာ ထိုင်းအစိုးရကလည်း ဘန်ကောက်ကိုအရေးပေါ်အခြေအနေ ကြေငြာချိန် မြန်မာနိုင်ငံအနှံ့ဆုံးရှုံးမှုတွေ‌ဖြစ်ပေါ်နေချိန်  မြန်မာတစ်သိုက်က ဘန်ကောက်မြို့ပေါ်  Phetchaburi Soi 15 ထဲက spicy Bar ထဲမှာ နောက်ခံစာတန်းကြီးထိုးပြီး သောက်စားမူးယစ်ပျော်ပါးနေကြတုန်း”လို့ ရေးသားကာ လူမှုကွန်ရက်သုံးစွဲသူတွေက မျှဝေလျက်ရှိပါတယ်။

ဖျော်ဖြေပွဲမှာ Jewel၊ Yoon Myat Thu၊ Doubel J  စတဲ့ မြန်မာနိုင်ငံ နာမည်ကြီးအဆိုတော်တွေက သွားရောက် သီချင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု ဗိုလ်ကြီး ၂ ဦးအပါ စစ်သားအများအပြား သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းအနီးမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၂ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဓဝယ်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

MBT ၏ ၁ နှစ်တာ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေ၊ လက်နက် ၂၄ လက်သိမ်းဆည်းရရှိကာ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံး (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၄၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ယောက်ကို ရှင်းလင်းကာ စစ်ယာဉ် ၂ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့က ထွက်လာတဲ့ သံပြားကာယာဉ် ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ မတ်လ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁၇ ယောက်ကို ရှင်းလင်းပြီး စစ်ယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ Union Liberation Front - ULF V 02 ထံက သိရပါတယ်။