ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၅) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်းပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မူးမြို့နယ်အတွင်း မတ်လ (၂၇) ရက် ညနေပိုင်းအချိန်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းက ၁၅၅ မမ ဟောင်ဝစ်ဇာ (၂)လုံး ပစ်ခတ်ခဲ့ရာ အင်ကွင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး (၂၉)နှစ် အရွယ် အမျိုးသား ၁ ယောက် လက်နက်ကြီး ထိမှန်  သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း မတ်လ (၂၄) ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ဒရုန်းနဲ့ ခိုလို‌ကျေးရွာထဲ ဗုံးသီးတွေ လာရောက်ကြဲချခဲ့ရာ ခိုလိုကျေးရွာရှိ ဘုန်းကြီးကျောင်း (၁)လုံးနဲ့ ဇောင်းတန်းတွေ ထိခိုက် ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ (၂၆) ရက် ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က စဥ်အိုးလှကနေ ဒရုန်းနဲ့ ဖျံတလင်း ကျေးရွာထဲ ဗုံးသီး (၂) လုံး ကြဲချခဲ့ရာ နေအိမ် (၃)လုံး ထိမှန် ပျက်စီးခဲ့ပြီး အဲ့ဒီညနေပိုင်းမှာပဲ ဒရုန်းနဲ့ သမင်အင်းကုန်းကျေးရွာထဲ ဗုံးသီး (၄)လုံး ထပ်မံလာရောက်ကြဲချခဲ့ရာ နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

မတ်လ (၂၇) ရက် မွန်းလွဲပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က စဉ်အိုးလှကနေ ဖျံတလင်းကျေးရွာထဲ ဒရုန်းနဲ့ ဗုံးသီး (၁) လုံး လာရောက်  ကြဲချခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကြောင့် ပေါက်အရှေ့ခြမ်းရှိ အရပ်သားပြည်သူများ မိုးရေထဲ စစ်ရှောင်နေရ

"ဝါယမက ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ပါ။ ပျူစောထီးခေါင်းဆောင်ပါ။ အာဏာမသိမ်းခင်ကတည်းက မဘသဘုန်းကြီးပါ။ အမေစု မုန်းတီးရေး တရားဟောတယ်။ အာဏာသိမ်းတာကို ထောက်ခံကြောင်း အဦးဆုံးပြောတဲ့ဘုန်းကြီးပါ။ ညောင်ဂျစ်ပင်နဲ့ အခုတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ရေလာလေးကို သူခေါင်းဆောင်တယ်။ စခတွေပျူတွေကို သူ့ကျောင်းမှာ ထားတယ်။ ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းမှာ ငွေညှစ်တယ်။ မရရင် ဖမ်းတယ်" လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်ပြည့်အခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း (ဓာတ်ပုံသတင်း)

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) ရဲ့(၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လက်နက်တပ်ဆင်ခြင်းကို တပ်တော်ရဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄၅)လုံး၊ လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်တပ်က အပစ်ရပ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်များ လာရောက်တိုက်ခိုက်နေသည်ဟု ဇော်မင်းထွန်း ဝါဒဖြန့်ပြောဆို

စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆိုပါတယ်။