မကွေးတိုင်း၊ စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။

စလင်းမြို့နယ် ပိန္နဲပင်၊ အောက်လှိုင်း၊ ငလင်ပန်း စတဲ့ကျေးရွာတွေကို မတ်လ ၂၃ ရက်မှာ တင့်ကား၊ သံပြားကာကား၊ စစ်တပ်ယာဉ် ၈ စီးနဲ့ စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို စလင်းမြို့နယ် မြေပြင်မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရတယ်လို့ ဗမာ့တပ်တော်က ဆိုပါတယ်။

အဆိုပါထိတွေ့တိုက်ပွဲတွေကို စလင်းမြို့နယ် မြေပြင်မဟာမိတ်တပ်ပေါင်းစုတွေက ဖော်ဆောင်ခဲ့တာဖြစ်ပြီး စလင်းမြို့နယ် မြေပြင်မဟာမိတ်တပ်ပေါင်းစုမှာ ဗမာ့တပ်တော် (BAMAR ARMY)၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊ ဒေါင်းစစ်အောင် LPDF၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ SLN LPDF တို့ ပါ၀င်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သီပေါတွင် စစ်‌ကောင်စီတပ်မှ တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချ၊ ပြည်သူ့ဆေးရုံအပါ အဆောက်အဦးအချို့ ထိခိုက်ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုကို ထပ်မံ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၄ လုံး ထိမှန်ပျက်စီး

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပြည်သူထံမှ လစဥ်ဆက်ကြေးကောက်နေသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်တပ်သား ၁၀ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားရှိ စက်တဲကွင်းမှာ အထိုင်ချ တပ်စွဲပြီး ပြည်သူတွေဆီက လစဥ် ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ထံက သိရပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။