ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ဒါ့အပြင် လမ်းပျက် ပိတ်ဆို့မှုတွေကိုလည်း PDF ၊ ပအဖ၊ ပကဖ၊ ပလဖ တို့ ဖယ်ရှားပြုပြင်ပေးခဲ့ပြီး ဆင်တွေကပါ ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။

ငလျင်လှုတ်ခတ်မှုကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၄၆၉ ဦး၊ စီစစ်ဆဲ ၂၂၃ ဦး၊ ထိခိုက်သူ ၁၈၂၂ ဦး၊ လမ်းထိခိုက်ပျက်စီးမှု ၃၀ ခန့်၊ လူနေအိမ် ၂၉၇၀ ခန့်၊ တံတား ၇ စင်းတို့ အပြင်၊ ရေကာတာ ပျက်စီးမှု ၅ ခု၊ စေတီ ပုထိုး ပျက်စီးမှု ၉၅ ခု၊ ဗလီပျက်စီးမှု ၅၀ ကျော်ခန့် ရှိနေတယ်လို့ NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ဘ ဒေတာကောက်ယူထားမှုအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

PDF ရဲဘော်ကို ဖမ်းသွားတဲ့ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

စင်တင်ဘာလအတွင်း PDF နဲ့ပကဖ တွေပူးပေါင်းပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှု ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်ဟု PDF Insight က ထုတ်ပြန်

စက်တင်ဘာလအတွင်း ပြည်သူ့တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်း စခန်းသိမ်းတိုက်ပွဲနဲ့ စစ်ရေးတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်မှုတွေ ရရှိခဲ့ကြောင်း စစ်ရေးသတင်းတွေကို အကျဉ်းချုပ်ဖော်ပြလေ့ရှိတဲ့ PDF Insight က ထုတ်ပြန်ပါတယ်။
Read More

သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး၊ စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်(ပကဖ)ဟာပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်နေ့က အမှတ်စဉ်(၃) သင်တန်းဆင်းပွဲပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို Visa သက်တမ်းတိုးရင် ရက် ၉၀သာ တိုးပေးဖို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို မနှစ်သက်တဲ့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အချက် (၈) ချက်ပါတဲ့ တောင်းဆိုစာကို ထိုင်းနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။