၂၀၂၅ခုနှစ် မတ်လ ၂၈ရက်‌နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် နိုင်ငံရဲ့ နေရာတော်တော်များများမှာ နေအိမ်အဆောက်အအုံများ၊ လမ်းတံတား အခြေခံအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး၊ ပြည်သူထောင်နဲ့ချီသေဆုံး သောင်းချီ ဒဏ်ရာရရှိခဲ့တာကြောင့် လူပေါင်းများစွာကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်ဒေသတွေမှာ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ၃၀.၃.၂၀၂၅ ရက်နေ့မှ စတင်ပြီး နှစ်ပတ်ကြာ ရပ်နားထားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အရေးပေါ်ကယ်ဆယ်ကုသရေးလုပ်ငန်းတွေ  အမြန်ဆုံးကူညီဆောင်ရွက်ဖို့ NUG က ဖိတ်ခေါ်တိုက်တွန်းထားပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေတွေမှာ အရေးပေါ်ကယ်ဆယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ယာယီကယ်ဆယ်ကုသရေး စခန်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် တာဝန်ယူပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အမေရိကန်ဒေါ်လာ (၁)သန်း ကနဦးလျာထား သုံးစွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများနဲ့ အတူလက်တွဲပြီး “ပြည်သူမှ ပြည်သူသို့ အစီအမံ” နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်မှာဖြစ်ပြီး တိုင်းရင်းသားပြည်သူ တရပ်လုံးအနေနဲ့လည်း အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေး အင်အားစုများနဲ့ အစွမ်းကုန် ကူညီပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းနိုးဆော်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ထိုးစစ်ရပ်ဆိုင်းထားဖို့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လိုအပ်တဲ့အကူအညီ ကာကွယ်စောင့်ရှောက်မှု တွေပေးဖို့ အထူးညွှန်ကြားချက် (၂/၂၀၂၅)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ညွှန်ကြားထားပြီးဖြစ်ကြောင်းလည််း  အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

NUG ၏ ထုတ်ပြန်ကြေညာချက်
NUG ၏ ထုတ်ပြန်ကြေညာချက်
0 Shares:
You May Also Like
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
Read More

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများ‌သော Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချ

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများ‌တဲ့ Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။
Read More

ငဖဲမြို့နယ်၊ နောင်ကျေးရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အဘွားအို ၁ ဦးသေဆုံးပြီး မိန်းကလေးငယ် ၁ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမှာ သန်းခေါင်စာရင်းကောက်ယူမှု အားတက်သရော လုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို သွားရောက်ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း ဝင်းဘရားသားရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။