မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မတ်လ ၂၈ရက်၊ မနေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းမြို့အပါဝင် မြို့နယ်အတွင်းက သဲတော၊ ကျွဲသား၊ မြောက်ဇဂျမ်းကုန်း၊ ခင်ကြီး၊ တဲစု၊ ထီးလှိုင်စတဲ့ ကျေးရွာတွေက နေအိမ်နဲ့ ဘုရားစေတီများ ပြိုကျပျက်စီးခဲ့ပြီး အရပ်သားများစွာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းမြို့အမှတ် ၃က ရွှေမုဌောဘုရား၊ လေးမျက်နှာစံပြရွာက ဓာတ်တော်ဘုရားတွေ ပြိုကျခဲ့သလို ခင်ကြီးရွာက ရှေးဟောင်းသမိုင်းဝင်ဘုရားတွေလည်း ထီးတော်မြေခခဲ့တယ်လို့ Voice Of Wundwin တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဝမ်းတွင်းမြို့ပေါ်က ချည်စက်ပြိုကျမှုကြောင့် ၇ ယောက် သေဆုံးပြီး အယောက် ၇၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တဲစုနဲ့ ထီးလှိုင်ရွာက ကလေးငယ်၂ ယောက် သေဆုံးခဲ့သလို သိမ်တောင်ကျောင်းက သံဃာ၂ ပါးလည်း ငလျင်ဒဏ်ကြောင့် အဆောက်အဦးပိကာ ပျံလွန်တော်မှုခဲ့တယ်လို့ သိရပါတယ်။

“အပျက်စီးတွေများလွန်းလို့ ထိခိုက်ပျက်စီးနဲ့ ဒဏ်ရာရတာတွေက မရေနိုင်သေးပါဘူး။ အထိခိုက်မရှိတဲ့အိမ် မရှိသလောက်ပါပဲ။ ဝမ်းတွင်းချည်စက်ပြိုကျတာက စကစစိုးမိုး‌အောက်မှာဆိုတော့ နာမည်တွေစုံစမ်းမရသေးဘူး။ အခုထိသိရသလောက်ဆို ဝမ်းတွင်းက ၁၅ယောက်၊ သဲတော က ၁၀ယောက်၊ ကျွဲသားရွာက ၄ယောက်၊ ခင်ကြီးရွာက ၁ယောက်နဲ့ တဲစုက ၁ယောက်၊ ထီးလှိုင်က ၁ယောက်ပါ။ တဲစုက သေတဲ့သူက တိုက်ပိတာ။ ထီးလှိုင်ရွာက ကလေးကျ ခေါင်းပြတ်တာပါ။ စေတီပြိုကျလို့ တရားထိုင်ရင်း ပိတာတွေရော ဘုန်းကြီးကျောင်းပြိုကျလို့ ပိတာရော အစုံပါပဲ” လို့ Voice Of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ရန်ကုန်-မန္တလမ်းဟောင်းက လမ်းတွေပျက်စီးခဲ့သလို ဝမ်းတွင်းမြို့မြောက်ဘက်ခြမ်းမှာရှိတဲ့ မြစ်သား-ပြင်စည်- နွားထိုးကြီးလမ်းတွေလည်း အက်ကွဲ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၇.၇နဲ့ ၆.၄ ရှိတဲ့ငလျင်နှစ်ခုဟာ မနေ့က (မတ်လ ၂၈ရက်) ၁၂ နာရီ ၅၂ မိနစ်အချိန်လောက်မှာ စစ်ကိုင်းဝန်းကျင်ကို ဗဟိုပြုရင်း ၁၂ မိနစ်ခြား လှုပ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့က နေအိမ်အဆောက်အဦးတိုက်တာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ၊ လမ်းတံတားတွေ ထိခိုက်ကျိုးကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ငလျင်ဘေးဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာထားပါတယ်။

ငလျင်လှုပ်ခတ်အပြီး ဝမ်းတွင်းမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများကို တွေ့ရစဥ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့  ထောင်နဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ 
Read More

ဧရာဝတီမြစ် ထာဝရ စီးဆင်းနိုင်ရန် တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု NUG ဆို

အကြမ်းဖက်စစ်တပ်က ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားတာဟာ အာဏာတည် မြဲရေး အတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေးတာပဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ 
Read More

ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁၁ ဦး သေနတ် ၈ လက်၊ ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 
Read More

ဝဲဒေါင့်ဝဲကြီးရွာရှိ စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ ၁၀ ဦးထက်မနည်း သေဆုံးကာ အထိနာသွားသည့် စစ်ကောင်စီတပ် ပြည်သူတွေရှိရာကို ရမ်းသမ်းပစ်ခတ်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ  ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖြူးကပဖ က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောဒေသခံများ တွေ့ဆုံပြီးနောက် ၁၃ နှစ်ကြာ ပိတ်ထားသည့် မေဂျာဗလီ ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဂျာမေဗလီကို အာရက္ခတပ်တော် (AA) ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။