မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ယောက်ရဲ့ မေးမြန်းမှုကို သမ္မတက ဖြေကြားခဲ့တာပါ။

“အမေရိကန်ပြည်ထောင်စုအနေနနဲ့ မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်အတွက် ကူညီပေးသွားမှာပါ။ ဒီလို အကူအညီပေးရေးအတွက် သက်ဆိုင်ရာနိုင်ငံကသူတွေနဲ့ စကားပြောဆိုမှုတွေ လုပ်ပြီးပါပြီ” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကို ရုရှားနိုင်ငံကကယ်ဆယ်ရေးဝန်ထမ်းတွေပါတဲ့ လေယာဉ်နှစ်စင်း စေလွှတ်ထားပြီလို့လည်း သိရပါတယ်။

(ဓာတ်ပုံ Reuters)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ငလျင်ဒဏ်သင့်ဒေသတွေအတွက် နိုင်ငံတကာက အကူအညီများ လိုအပ်တယ်လို့ တောင်းဆိုတိုက်တွန်းထားပါတယ်။

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်တယ်လို့ စစ်ကောင်စီထုတ်ပြန်ထားပါတယ်။

အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ရှမ်း(အရှေ့)၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ပဲခူးတို့မှာ ငလျင်ဒဏ်သင့်သူ အများအပြားရှိခဲ့ပြီး လမ်းတံတား၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုနှင့် မပတ်သက်ဘဲ မြန်မာ့ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်စေလိုကြောင်း ကိုရီးယားသမ္မတရုံးကို တောင်းဆိုစာပေးပို့

ဒီနေ့မှာ ကျရောက်တဲ့ ၃၇ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မြန်မာ့နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ကိုရီးယား အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တောင်ကိုရီးယား၊ ဆိုးလ်မြို့က သမ္မတရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကိုရီးယားအစိုးရကို အိတ်ဖွင့်စာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ထောင်ချီသည့် အမေရိကန်ပြည်သူများ သမ္မတထရမ့်ကို ထပ်မံဆန္ဒပြ

အမေရိကန်ပြည်ထောင်စုမြို့ပေါင်းများစွာက ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ၄င်းတို့ရဲ့သမ္မတ ဒေါ်နယ်ထရမ့်ကို အလိုမရှိတော့ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

ကျားဖြန့်နဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာပြည်က စတားလင့် ၂၅၀၀ ကျော် SpaceX ဖြတ်တောက်

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။