နိုင်ငံကို မတရားအာဏာသိမ်းရယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ကြောင့် သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေကို ဖုန်းနဲ့ ဆက်သွယ်ရှင်းပြနေတဲ့ ရုပ်သံဖိုင် ကို စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

သူဟာ လက်ရှိ မန္တလေးမြို့မှာ ရောက်ရှိနေပြီး လူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုတွေကို ရှင်းပြကာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး အိန္ဒိယနိုင်ငံရဲ့ ကူညီမှုက သူအတွက် အားရှိရ ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်မှာ စစ်တပ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှု အရာရှိအပါ ၁၁ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်း၊ ရပ်တော်မူဘုရားအနီးက အကြမ်းဖက်စစ်တပ်စခန်းနဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Tavoy People Liberation Force  အဖွဲ့ထံက သိရပါတယ်။
Read More

မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် စစ်သား ၂ ဦး သေ (ရုပ်သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် စစ်သား ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပေါက်ကိုယ်တော်အား အရှင်ဆေကိန္ဒ သိန်း ၁၀၀ ပေးအပ်လှူဒါန်း (ရုပ်/သံ)

မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပျူစောထီးတွေ မွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးနေတဲ့ ပေါက်ကိုယ်တော်ကို အရှင်ဆေကိန္ဒက သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ပေါက်ကိုယ်တော်က TikTok အကောင့်ကနေ မျှဝေခဲ့ပါတယ်။
Read More

ရွာလှည့်မီးရှို့နေသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ ၁၁ ဦး သေကာ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း ရွာစဉ်လှည့်မီးရှို့နေတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၁ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။