ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကာယကံရှင်ဖြစ်သူက မနေ့တုန်းက “ကျွန်တော့်အမေနဲ့ သမီးလေးနှစ်ယောက်ရဲ့ အလောင်းတွေ သယ်ထုတ်ကူပေးကြပါအုံး Sky Villa Condo” ဆိုတဲ့ စာကို သူ့ရဲ့လူမှုကွန်ရက်ပေါ်တင်ကာ အကူညီတောင်းခံခဲ့တာ တွေ့ရပါတယ်။

ဒီကနေ့ မတ်လ ၂၉ ရက်နေ့ မနက်မှာတော့ “ကျွန်တော့်အမေ နဲ့  ကလေးနှစ်ယောက်လုံး ၁၁ လွှာ လုံးပြိုကျနေတဲ့ တိုက်ပုံထဲကနေ အသက်ရှင်လျက် ကယ်တင်ထုတ်နိုင်ခဲ့ပြီ” လို့ ပြန်လည်မျှဝေထားပါတယ်။

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ မြေးအဖွား ၃ ဦး ပါပုံ

Sky Villa ကွန်ဒိုဟာ အောင်မြေသာစံမြို့နယ်၊ ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားမှာ တည်ရှိပြီး ၁၁ ထပ်အမြင့်ရှိတဲ့ ကွန်ဒို ဖြစ်ပါတယ်။

ယခု လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ၄ ထပ်ခန့်ဟာ မြေအောက်ထဲ ကျွံဝင်သွားကာ ၇ ထပ်သာ မြေပေါ်မှာ ကျန်ခဲ့ပြီး၊ ကွန်ဒို ဧရိယာ ABCD ရှိတဲ့အနက် BCD ဧရိယာက အကုန်ပြိုကျပျက်စီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

Sky Villa ပြိုကျမှုအတွင်း သေဆုံးသူများ ရှိနေသလို၊ ပိတ်မိနေသူများနဲ့ ပြန်လည်ရှာဖွေမတွေ့သူတွေလည်း အများကြီး ရှိနေသေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်က ဇင်ယော် စစ်ဆင်ရေးကို လုပ်ဆောင်မည်

တရုတ်က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးအဖြစ် မဲ့ခေါင်ဒေသက ၆ နိုင်ငံမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ဇန်နဝါရီလ ၂၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်
Read More

KTV အတူတူ သွားကြရင်း အရာရှိ မူးနေချိန် စစ်မှုထမ်းဆင်း စစ်သား ၂ဦး ခဲယမ်းနှင့်တကွ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က အရာရှိနဲ့အတူ အပြင်ထွက် ပျော်ပါးတဲ့ စစ်မှုထမ်းဆင်း စစ်သား ၂ ယောက်ဟာ အရာရှိ အလစ်မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ မြို့တော် ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။