ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ပြန်လည်ရယူနိုင်ရေးအတွက် မတ်လ ၂၄ ရက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ သေဆုံးမှုများပြားပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ  ရှေ့ကာကင်းစခန်းတွေကို ထိုးဆင်တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်တွေရဲ့ ပူးပေါင်းခုခံတိုက်ခိုက်မှုကြောင့် သေဆုံးမှုများပြီး ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ 

မတ်လအတွင်း မိုးဗြဲမြို့ကို ဝင်ရောက်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေပြီး အရပ်သားပြည်သူ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ 

မိဘပြည်သူတွေအနေနဲ့ မိုးဗြဲမြို့အနီးဝန်ကျင်ကို မလိုအပ်ဘဲ သွားလာခြင်း မပြုလုပ်ကြဖို့နဲ့ လုံခြုံဘေးကင်းရေးအတွက် စစ်ရေးသတိရှိကြဖို့  KNDF က သတိတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၃၀ ဖမ်းဆီးရမိကာ အများအပြားသေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးချေမှုန်းခံရပြီး အယောက် ၃၀ ဖမ်းဆီးရမိကာ အများအပြားသေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

ဗန်းမောက်မြို့ ဌာနဆိုင်ရာရုံးနှင့် အဆောက်အအုံများကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ SNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရုံးနဲ့ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ်တွေက ပူးပေါင်းမီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ကသာခရိုင်၊ အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့နယ် လှတောရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေရှိရာ စွမ်းရည်ထက်အထိုင်စခန်း၊ မအူအထိုင်စခန်းနဲ့ သာစည်ထောင်စခန်းတွေကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa ထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ Sky Hunter ပရောဂျက်မှာ ပါဝင်ကူညီပေးဖို့ တောင်းဆို (ရုပ်/သံ)

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က  “လင်းယုန်အစာကောက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ ပရောဂျက်ကို စတင်လိုက်ပြီး ဒရုန်းစစ်ဆင်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။