မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၁၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းကစလို့ ၇ မိုင်ကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပြီး ၇ မိုင် တိုက်ပွဲမှာ တအာင်းတပ်မတော်- TNLA၊ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က စစ်တပ်ကို တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

မတ်လ ၈ ရက် တိုက်ပွဲမှာတော့ မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်က တပ်ဖွဲ့ဝင်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း မိုးကုတ်ဗျူဟာက PDF ရဲဘော် ၁၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေကတော့ ရဲဘော် နေလင်း၊ ငဇော်၊ ပေတူး၊ ရွှေငါး၊ Solo Sai ၊ Stone ၊ အောင်ကျော်မိုး၊ သက်အောင်၊ ဟိန်းထက်အောင်၊ ဂူးလေး၊ ခိခိနဲ့ ဟိန်းမင်းဇော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေကို မိုးကုတ်ဗျူဟာက ဝမ်းနည်းကြေကွဲမှုနဲ့အတူ လေးစားစွာ ဂုဏ်ယူဦးညွှတ် အလေးနီပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂ဝ၂၄ ဩဂုတ် ၃၀ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်းနဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် ၁၃ တပ်ရင်းစခန်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဖက်ဆစ်အသွင်ကူးပြောင်းသွားသည့် စစ်တပ်ကို တော်လှန်နေသည့် လက်ရှိကာလသည် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဟု NUG ပြော

ပြည်သူကို ကာကွယ်ရမယ့် ​စစ်တပ်အဖြစ်ကနေ ဖက်ဆစ်အသွင်ကူးပြောင်းသွားတဲ့ စစ်တပ်ကို တော်လှန်နေတဲ့ လက်ရှိကာလဟာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Launglone People Defence Force (LLPDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

မှော်ဘီလေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံး ၄လုံးပစ်ခတ်တိုက်ခိုက်မှု လေတပ်ဝန်းထဲ ထိခိုက်ပျက်စီးမှုတွေရှိ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က လေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေထိခိုက်နိုင်ကြောင်း Urban Special Operation ( U.S.O) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များမီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အကြမ်းဖက်စစ်တပ်ရုံးတွေကို တော်လှန်ရေးတပ်တွေက စီးနင်းမီးရှို့ခဲ့ပြီး မြို့ကို ရရှိဖို့အတွက် ဆက်လက်ပိတ်ဆို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ကစလို့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်းက စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြို့ကို အပြီးသတ်တိုက်ခိုက်သွားဖို့ရှိတယ်လိုဆိုပါတယ်။
Read More

တော်လှန်ရေးရဲဘော်တွေအပေါ် ကြောက်ရွံ့စိတ်မရှိဘဲ ရင်းနှီးမှုရဖို့ ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) ဟာ တပ်ရင်းစိုးမိုးနယ်မြေက ပြည်သူတွေနဲ့ ပူးပေါင်းပြီး ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။