မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။

မတ်လ ၂၈ ရက် (ဒီနေ့) နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် အခုလို ကျွံဝင် သွားခဲ့ပြီး မြေပေါ်မှာ ၆ ထပ်သာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

Sky Villa Condo အတွင်း ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပေမယ့် လူအင်အား မလုံလောက်မှုနဲ့ ကယ်ဆယ်ရေးကိရိယာလိုအပ်ချက်တွေကြောင့် ကြန့်ကြာမှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Video -ဒေသခံ

0 Shares:
You May Also Like
Read More

တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင် မီးလောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရမှု ရုပ်သံထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း အများအပြားဖမ်းဆီးရမိခဲ့တဲ့ ဘုတလင်မြို့နယ်က တိုက်ပွဲရုပ်သံကို ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု ကဒီနေ့ အောက်တိုဘာလ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ထော်သာရွာစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်မှုအပေါ် အမှတ် (၁)စစ်ဒေသဖြေရှင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် မော်လိုက်မြို့နယ်ရှိ ထော်သာရွာရှိ စစ်ကော်မရှင်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း ဝါဒဖြန့်မှုအပေါ် NGU ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသမှာ ကာယကံရှင်စစ်သုံ့ပန်း၊ ထောက်သာရွာဒေသခံတွေရဲ့ ဖြေရှင်းချက်နဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မောင်းမကန်ကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်သား ၈ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ အင်အား ၇၄ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်  သေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ငါးဖမ်းသမားဟန်ဆောင်ထားသည့် အကြမ်းဖက်သမားများ AA တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ကာ လက်နက်များ ခိုးယူထွက်ပြေး (ရုပ်/သံ)

ငါးဖမ်းသမားဟန်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေက AA လုံခြုံရေးအရာရှိ တစ်ယောက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲဝင် ၁ ယောက်ကို သတ်ဖြတ်ကာ လက်နက်လုယူပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲကို ထွက်ပြေးသွားတယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာမှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ယောက် သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာ ခမရ ၅၅၆ တပ်ရင်းကနေ တနင်္သာရီမြို့ဘက်ကို တက်လာတဲ့ အင်အား ၆၅ ယောက်ရှိ အကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းကို နိုဝင်ဘာ ၂ ရက်က ဘန်း လမွတ်ကျေးရွာမှာ ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။