ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Bang Sue ဒေသမှာ ဒီနေ့ (မတ် ၂၈) နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဆောက်လက်စ အဆောက်အဦး ပြိုကျသွားခဲ့ပါတယ်။

ပြိုကျချိန် အဆိုပါ အဆောက်အဦးထဲမှာ လူအများအပြားရှိနေပြီး နောက်ဆုံးသိရတဲ့ အချက်အလက်အရ မြန်မာလုပ်သားတွေ အပါအဝင် ၄၃ ယောက် ပျောက်ဆုံးနေကာ ၇ ယောက်သာ လွတ်မြောက်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 

ဒီနေ့ နေ့လယ်ပိုင်း မြန်မာနိုင်ငံမှာ ရစ်ချက်တာစကေး ၈.၂ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်ဟာ ထိုင်းနိုင်ငံကနေ ၃၂၆ ကီလိုမီတာအကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

(ဓာတ်ပုံ Khaosod English)
(ဓာတ်ပုံ AFP)
(ဓာတ်ပုံ AFP)
0 Shares:
You May Also Like
Read More

မြန်မာပြည်ကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် အတည်ပြု

မြန်မာပြည်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဘေးဒုက္ခရောက်ရှိခဲ့ရတဲ့ ပြည်သူတွေကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်

ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

TPS ရုပ်သိမ်းမှု အမေရိကန်ရောက် မြန်မာ ၄,၀၀၀ နီးပါးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိ၊ လုံခြုံရေးအခြေအနေအပေါ် မှားယွင်းစွာ အကဲဖြတ်ခြင်းဟုဆိုကာ HRW ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီ ကာကွယ်ပေးထားတဲ့ အခြေအနေ (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာလာခဲ့ပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။