စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကုန်းသာဦးနဲ့ အထကကျောင်းကို မတ်လ ၂၈ ရက်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) ထံက သိရပါတယ်။

တိုက်ခိုက်မှုမှာ ပစ်မှတ်တွေကို ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Freedom Revolution Force (FRF) နဲ့ ဒီပဲယင်းမြို့နယ် ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကချင်ပြည်နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ် (၁) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ယနေ့နံနက်ပိုငး်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီတပ်စခန်းများကို KPLA နှင့် Federal Wings တို့ ပူးပေါင်းတိုက်ခိုက်မှု (ရုပ်/သံ)

ကရင်နီပြည်မှာ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) KPLA နဲ့ Federal Wings တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ မှတ်တမ်းရုပ် သံဖိုင်တချို့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံဖိုင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

ကန့်ဒေါင့်ရွာနဲ့ ၃ မိုင်ကွာဝေးတဲ့ အင်မထီးရွာကို စစ်ကောင်စီက Mi17 ရဟတ် ယာဉ်နဲ့ အကြိမ်ကြိမ် စစ်ကူပေးပို့ခဲ့ပေးမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။
Read More

နီပေါဆန္ဒပြပွဲအတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

နီပေါနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး နီပေါ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားခဲ့ပါတယ်။
Read More

8+ အညာမြေစစ်ဆင်ရေးအဖွဲ့ မွမ်းမံသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။