မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။

ငလျင်ကြောင့်  နေပြည်တော်မှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်နဲ့ ကျောက်ဆည်မြို့မှာ ၃၀ ယောက်၊ စုစုပေါင်း ၁၄၄ ယောက် သေဆုံးထားတယ်လို့ ပြောပါတယ်။

အထိအခိုက် အပျက်အစီး များပြားတဲ့ မန္တလေးမြို့က စာရင်းတွေတော့ ပါဝင်လာခြင်း မရှိပါဘူး။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ပနိုင်ငံတွေ ကူညီပေးဖို့လည်း စစ်ခေါင်းဆောင်က တောင်းဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနေ့မှာပဲ နေပြည်တော်က ငလျင်ဒဏ်သင့်နေရာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့လည်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ 

အင်အား ရစ်ချက်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အလွန်ပြင်းထန်တဲ့ ငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း(အရှေ့မြောက်)၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ပဲခူးတို့မှာ ငလျင်ဒဏ်သင့်သူ အများအပြားရှိခဲ့ပြီး လမ်းတံတား၊ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

လက်ရှိ စစ်ကောင်စီက ထုတ်ပြန်တဲ့ သေဆုံးဒဏ်ရာရ စာရင်းထက် မြေပြင်မှာ အရေအတွက် ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ စင်မြင့်မှာ ဆက်လက် အသိအမှတ်ပြုထား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို  နိုင်ငံတကာပါလီမန်များအဖွဲ့က သူတို့ရဲ့ တရားဝင် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြနုတ်ထွက်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ဟန်ပြနုတ်ထွက်ထားတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ယောက် နေအိမ်အတွင်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားကြောင်း Cobra One Pakokku တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကချင်မှ ပြန်လာသည့် တန့်ဆည်သားများကို စစ်အုပ်စုက PDF များအဖြစ် စွပ်စွဲဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ၂ ဦး ပြောပြ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စစ်အုပ်စုဂိတ်စခန်းမှာ ကချင်ပြည်နယ်ကပြန်လာတဲ့ အရပ်သား ၁၁ယောက် ဖမ်းဆီးခံရပြီး ၄ယောက် သတ်ဖြတ်ခံရကာ ၂ယောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

အမ်း နပခ ကျပြီ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က တရားဝင် အတည်ပြုလိုက်ပါတယ်။