ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အပိုင် လှေဆွဲမြောင်းကျေးရွာကို မတ်လ ၂၆ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။

ကျေးရွာအတွင်း နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပဲခူးတိုင်းအတွင်း ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ နေရပ်စွန့်ခွါထွက်ပြေးနေရပြီး စစ်ဘေးရှောင်တွေ များပြားလာတာ၊ စားရေးသောက်ရေး လိုအပ်ချက်၊ ဆေးဝါးလိုချက်တွေ များလာပြီး အခက်အခက်တွေ ရင်ဆိုင်ရလျက်ရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပေမယ့် လိုအပ်ချက်များစွာဖြစ်ပေါ်နေတဲ့အတွက် နားလည်ပေးကြပါဖို့ တော်လှန်ပြည်သူတွေကို တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း P23502 က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကာကင်းစခန်းများနှင့် အဆောက်အအုံများ ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစခန်းကို မတ်လ ၁၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့  မြိုင် ထံက သိရပါတယ်။
Read More

ဖရူဆိုမြို့ထဲက ရပ်ကွက်အချို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူအတွက် မိသားစုဝင်တစ်ယောက်ရဲ့ ရင်တွင်းစကား (ရုပ်/သံ)

လားရှိုးမြို့မှာ စစ်ကောင်စီက အကြမ်းဖက်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့တဲ့ မအေးမိစံနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဝမ်းနည်း‌ကြေကွဲဖွယ် ရင်တွင်းခံစားချက်များဆိုတဲ့ ရုပ်သံကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး ဖေ့ဘွတ်ခ်စာမျက်နှာကတဆင့် ဖော်ပြခဲ့ပါတယ်။
Read More

Sky Villa ကွန်ဒိုကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ၊ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ (ရုပ်/သံ)

ပြင်းထန်တဲ့ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ Sky Villa ကွန်ဒို ပြိုကျမှုက ပိတ်မိနေသူတွေကို ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာ ဆက်လက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက ခလရ ၁၇ တပ်ရင်း၊ ပလရဲစခန်းနဲ့ တာဝါတိုင်စခန်းတွေကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖထံက သိရပါတယ်။