ယနေ့‌နေ့လယ်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်သွားသော ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ နေရာတော်တော်များများတွင် ထိခိုက်သေကြေဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် လွန်စွာမှပင် ဝမ်းနည်ကြေကွဲမိပါသည်။

မြန်မာ့သမိုင်းတလျှာက် ပျက်စီးမှု အများဆုံးဟု ဆိုနိုင်သော ဤငလျင်ကြီးကို အပျက်အဆီးများစွာကြားမှ ကိုယ့်အားကိုယ်ကိုးဖြင့် ဖြစ်သလို ကျော်ဖြတ်နေရသော မြန်မာပြည်သူများ၏ ကြီးစွာသော ဆင်းရဲဒုက္ခများကို ဖော်ပြခြင်းငှာ တတ်နိုင်ဖွယ်မရှိဟု ဆိုရမည်ပင်။

မင်းဆိုးမင်းညစ်ဟုပင် ခေါ်ခံထိုက်ဖွယ်မရှိသော ရက်စက်ကြမ်းကြုပ်လှသည့် စစ်ဘီလူး အာဏာရူးအောက်တွင် လေးနှစ်ကျော်တိုင် ဆင်းရဲကြီးစွာ ကြံ့ကြံ့ခံ ရှင်သန်နေရသော မြန်မာပြည်သူများအတွက် ယခုငလျင်သည် တစ်ပူပေါ်နှစ်ပူဆင့်ကာ သန်းခေါင်ထက်ပင် ညဉ့်နက်နေရသည့် ဘဝများအပေါ် ကံတရားက ထပ်မံ၍ပင် ဖိနှိပ်လိုက်မိလေသလား ထင်ရသည့်သဖွယ်ပင်။

မြန်မာပြည်သူများသည် ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးဖြင့် အကြိမ်ကြိမ်လဲပြိုခဲ့ဖူးသလို၊ လဲကျခဲ့သည့်အချိန်တိုင်းလည်း ပြန်လည်နိုးထရှင်သန်ခဲ့သည့် ရာဇဝင် ရှိခဲ့သည်ပင်။ သို့သော် ယခုတခေါက်တွင်တော့ ပြည်တွင်းရောပြည်ပမှာပါ အပယ်ခံဘဝ ရောက်နေရသည့်အချိန်။

အထူးသဖြင့် ဆေးရုံဆေးခန်းများတွင် ဆေး၊ ဆရာဝန် ရှိမနေသည့်အချိန်၊ ကယ်ဆယ်ကယ်တင်စရာ စက်ယန္တရားများ ရှိမနေသည့်အချိန်၊ ကူညီစရာ နိုင်ငံ့အရံငွေ ရှိမနေသည့်အချိန်၊ နိုင်ငံတကာ၏ ငြင်းပယ်ပြစ်တင်ခြင်းကို ခံနေရသည့် စစ်ဘီလူးမိစ္ဆာများ၏  လက်အောက်ဝယ် ရောက်ရှိနေရသည့်အချိန်တွင် ပြန်လည်ရုန်းကန်နိုးထရမည်မှာ လွန်စွာမှပင် ခက်ခဲကြမ်းတမ်းလှမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သန်းခေါင်‌ကျော်လျှင်တော့ အာရုံရောက်ရမည်မှာ သဘာဝပင်။ မြတ်စွာဘုရားသည်ပင် လွန်ဆန််နိုင်ခြင်း မရှိသည့် သဘာဝ၏ အလှည့်သည် မကြာခင် မလွှဲမသွေ ရောက်ရှိရမည်သာဖြစ်သည်။

အဆိုးဆုံးဟူသော ယခုအချိန်မျိုးကို ကျော်ဖြတ်ပြီးလျှင် ရောင်နီလာရတော့မည်ဖြစ်သည်။ မိမိတို့ ညီအကို မောင်နှမ သွေးချင်းများအတွက် အမှောင်ဆုံးကာလကို ဖြတ်ကျော်နေရချိန်တွင် ဖြစ်‌လေ့ရှိသော အခက်အခဲများ၊ အမှားအယွင်းများ ထိပ်တိုက်တွေ့မှုများ ထိခိုက်ကြေကွဲစရာများအ‌ပေါ် နားလည်လက်ခံ သည်းခံစိတ်ဖြင့် အာဏာရှင်ကို အမြစ်ပြတ်ဖြိုချ အဆုံးသတ်နိုင်သည်အထိ တဦးနှင့်တဦး လက်ချင်းမြဲမြံချိတ်တွဲကာ အတူတကွ ကြံ့ကြံ့ခံ ဖြတ်ကျော်ရမည့်အချိန် ရောက်လို့နေပြီဖြစ်ပါသည်။

0 Shares:
You May Also Like
Read More

လူမဆန်ပြီး၊ သူရဲဘောကြောင်လွန်းသည့် စစ်ရာဇဝတ်မှုများအတွက် အမိန့်ပေးသူရော နာခံကျူးလွန်သူများပါ ကြီးလေးသည့်ပြစ်ဒဏ်မှ ရှောင်လွှဲ၍ ရမည်မဟုတ်

ယနေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၂၀ ဦးကျော် သေဆုံးခဲ့ရသည်။ ပြင်းထန်ဒဏ်ရာရသူ အများအပြားလည်းရှိနေပြီး၊ သေဆုံးသူဦးရေတိုးလာမည်ကို စိုးရိမ်‌နေရသည့်အခြေအနေသို့ ရောက်ရှိနေသည်။
Read More

မြန်မာစစ်တပ်အတွက် ဖျောက်ဖျက်မရတော့သည့် ရှက်စရာအကောင်းဆုံး နေ့ရက်

တရုတ်၏ မြန်မာ့အရေး ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်မှု ရလဒ်အနေဖြင့် ကိုးကန့် MNDAA တပ်များ ယခုရက်ပိုင်းအတွင်း  လားရှိုးမြို့မှ အပြီးတိုင်ပြန်လည်ထွက်ခွာရတော့မည်ဖြစ်သည်။ မြေပြင်တွင်လည်း ပြီးခဲ့တဲ့ရက်ပိုင်း‌များကစ၍ MNDAA တပ်သားများ ကားကြီးကားငယ်အသွယ်သွယ်နှင့် သိန္ဒီမြို့ဖက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး၊ ဌာနဆိုင်ရာအဆောက်အအုံများတွင် လွှင့်ထူထားသည့် MNDAA အလံများကိုလည်း ပြန်လည်ဖြတ်ချသွားခဲ့ပြီဖြစ်သည်။  
Read More

ယနေ့ကျရောက်သော နှစ်သစ်အခါသမယမှသည် မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် [မြန်မာနှစ်ဆန်း ၁ ရက်၊ ၁၃၈၇ ခုနှစ်]

ဒီနှစ် အတာသင်္ကြန်ကာလဟာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများအတွက် ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 
Read More

လက်ရှိရေဘေးက ထပ်မံညွှန်ပြလိုက်သည့် မြန်မာနိုင်ငံအတွက် တစ်ခုတည်းသောအဖြေ

ယခုရက်ပိုင်းအတွင်း ပြည်သူများ ရေဘေးသင့်နေသည့် သတင်းများသည် မြင်ရတွေ့ရ ကြုံရသူများအတွက် စိတ်နှလုံးကို နွမ်းလျစေလွန်းလှသည်။ အတည်မပြုရသေးသော သတင်းများအရ သေဆုံးသူ ရာပေါင်းများစွာရှိပြီး၊ ပျောက်ဆုံးနေသူများလည်း ဒုနဲ့ဒေးပင်။