လာမယ့် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ပြည်သူတွေ ဘေးလွတ်ကင်းရာနေရာတွေမှာ ပြောင်းလဲ နေထိုင်ကြဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခြင်းအဖြစ် ဒီနေ့ မတ် ၂၈ ရက် ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး (၇ ဒသမ ၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ် (၃) ကြိမ် လှုပ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးဇလပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ ငလျင်လှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီကာလအတွင်း နောက်ဆက်တွဲ ငလျင်ငယ်များဆက်လက်လှုပ်ခတ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ မိုးဇလက ငလျင်နဲ့ ပတ်သက်ပြီး အချိန်မီရရှိလာတဲ့ သတင်းတွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက အချိန်နဲ့တစ်ပြေးညီ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

ငလျင်ဘေးဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့  ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းငလျင်အပြီး အပစ်ရပ်ထားသည့် စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့၊ သေဆုံးသူ ၄၆၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၈၈၄ ဦး ရှိ

မြန်မာနိုင်ငံမှာ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သေဆုံးသူ ၄၆၂ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၈၈၄ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများ နီးကပ်နေသည့် ကျောက်ဖြူ၊ စစ်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည်၊ လာရောက်ဖြေဆိုသူများကို ဆိုလာမီးအိမ်ပေးမည် ဟု စစ်ကောင်စီ စည်ရုံး

ရခိုင်ပြည်နယ်မှာ ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။
Read More

ချင်းလွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို ဇိုဖေရမ်ကောင်စီ ဒေသတွင်းမှာ စတင်ကျင့်သုံးမယ်

ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း ပျူစောထီး ဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။