ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ယာယီတပ်စွဲထားတဲ့ နေရာ ၂ ခုကို လက်နက်ကြီးတွေနဲ့ တ​ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုအဖွဲ့ဝင်၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Phoenix D F သတင်းနှင့် ပြန်ကြားရေး ဂျူပီတာက မောင်းကို ပြောပါတယ်။

မတ်လ ၂၄ ရက်၊ ညပိုင်းက နတ်တလင်းမြို့နယ်အရှေ့ဘက် လယ်မအင်းဘုန်းကြီးကျောင်းနဲ့ ဘန်းဘွေးကုန်း ဌေးကျော်ဓာတ်ဆီဆိုင်တို့မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရှိရာကို တော်လှန်ရေးတပ်တွေက ၆၀၊ ၄၀ မမ စတာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် နှစ်ဖက်ပစ်ခတ်မှု နာရီဝက်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

“စစ်အုပ်စုက ဘုန်းကြီးကျောင်းနဲ့ ဆီဆိုင်မှာ ယာယီတပ်စွဲထားတာပါ။ အထိုင်မဟုတ်ဘူး။  စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို အင်အား ၂၀၀ လောက် ပါတာ တောင်ညိုကွက်သစ် မျှော်တော်တောင်ကုန်းပေါ်မှာ ၁၀၀ ကျော်ရှိတယ်။ အခု ကျ​နော်တို့ လက်နက်ကြီးပစ်ခဲ့တဲ့ လယ်မအင်းနဲ့ ဘန်းဘွေးကုန်းမှာကျတော့ ၇၀ လောက်ပေါ့” လို့ Phoenix D F သတင်းနှင့်ပြန်ကြားရေး ဂျူပီတာက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးခဲ့သူတွေကို လူနာတင်ကားနဲ့အတူ ပြည်ဆေးရုံအထိ သယ်ဆောင်သွားခဲ့​ကြောင်းနဲ့ ကျန်ရစ်သူတွေလည်း ယာယီတပ်စွဲထားတဲ့ နေရာတွေကနေ ပျဥ်ပုံကျေးရွာကို ပြန်လည်ဆုတ်ခွာသွားကြကြောင်း သိရပါတယ်။

“သေတာက စခလား ပျူလားတော့ မသိရဘူး။ ညတွင်းချင်း လူနာတင်ကားနဲ့ လာခေါ်သွားတာ လမ်းတင် ၂ယောက်သေတယ်ပေါ့။ ဒမငယ်က ပျူတစ်ယောက်တော့ လက်မောင်းထိတယ်လို့ သိရတယ်။ နောက်တစ်ယောက်ကျ ပေါင်မှာထိတာ​ပေါ့။ လက်နက်ကြီးပစ်တဲ့အချိန် ထိတာပါ” လို့ Phoenix D F သတင်းနှင့်ပြန်ကြားရေး ဂျူပီတာက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တပ်ရင်း (၃၈၀၁) ၊ တပ်ခွဲ (၂) Phoenix DF နဲ့အတူ တပ်ခွဲ (၆) Aye Yar Nyi Naung စစ်ကြောင်းက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့ မတ်လ၂၅ရက်နေ့မှာတော့ လယ်မအင်းကျေးရွာထဲဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီအပါဝင် စစ်ကောင်စီဒေါက်တိုင်တွေကို အခါအခွင့်သင့်သလို တိုက်ခိုက်​နေတာကြောင့် အရပ်သားတွေအနေနဲ့ စစ်အုပ်စုရှိရာ အနီးတစ်ဝိုက်မှာ နေထိုင်သွားလာခြင်းမလုပ်ဆောင်ကြဖို့ တပ်ရင်း (၃၈၀၁) ၊ တပ်ခွဲ (၂) Phoenix DF က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၁) နယ်မြေမှာ ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

တော်လှန်ရေးအင်အားစုများ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီဟု စစ်ကိုင်း PDF ထုတ်ပြန်

မကြာခင်လပိုင်းလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရွေးကောက်ပွဲအတုကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ စစ်ကိုင်း PDF က ဆိုပါတယ်။
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် ဒေါနစစ်ကြောင်းထံ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၃) နယ်မြေအတွင်းက ဒေါနစစ်ကြောင်း စစ်ရေးလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။